အွန်လိုင်းကနေ စာရင်းပေးသွင်းနိုင်တယ်လို့သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ရိုးမ-မာရသွန်ပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့က သုဝဏ္ဏမိုးလုံလေလုံံအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရိုးမ-ရန်ကုန်မာရသွန်ပြိုင်ပွဲကနေ သိရပါတယ်။

19260635_1570729392974784_8711097334238373593_n.jpg 

ပြိုင်ပွဲကို ပြည်တွင်း၊ပြည်ပက ပါဝင်ယှဉ်ပြိုင်လိုသူတွေလာရောက်စာရင်းပေးသွင်းနိုင်တာဖြစ်ပြီးတော့ ရိုးမဘဏ်ဖွင့်လှစ်ထားတဲ့ မင်္ဂလာတောင်ညွန့်ဘဏ်ခွဲမှာ စာရင်းပေးသွင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာကနေ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေကိုတော့ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ နောက်ဆုံးရက်သတ်မှတ်ထားတာဖြစ်ပြီးတော့ www.yomayangonmarathon.com မှာစာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီမာရသွန်ပြိုင်ပွဲကို တော့ 42km မာရသွန်အတွက် နိုင်ငံတကာက ကစားသမားတွေအတွက် ၇၅ ဒေါ်လာ၊ ၂၁ ကီလိုမီတာ တစ်ဝက်မာရသွန်အတွက် ၆၅ ဒေါ်လာ၊ ၁၀ ကီလိုမီတာ အတွက် ၅၅ ဒေါ်လာသတ်မှတ်ထားတာဖြစ်ပြီးတော့ ၃ ကီလိုမီတာ အပျော်တမ်းအတွက်ကိုတော့ ၄၅ ဒေါ်လာ သတ်မှတ်ထားတာဖြစ်ပြီး ပြည်တွင်းက ပါဝင်ယှဉ်ပြိုင်မယ့်သူတွေအတွက်ကတော့ ဘယ်အမျိုးအစားကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်စေ ကျပ် ၁၅၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်သူတွေအတွက် ထည့်ဝင်လှုဒါန်းငွေတွေကိုတော့ မြန်မာနိုင်ငံက ကလေးများဖွံ့ဖြိုးတိုးတက်ရေးအတွက်ထောက်ပ့ံ့ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ရိုးမမာရသွန်အပြေးပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီးတော့ ဆုကြေးငွေများစွာပေးအပ်တဲ့ပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်လူဦးရေ ငါးထောင်ကျော်ပါဝင်ယှဉ်ပြိုင်လေ့ရှိပါတယ်။

Share

Loading Next Article...
က္က