သူ့ရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

မယ်လိုဒီကတော့ အကြိမ် ၂၀ မြောက် အောင်ဘာလေ ထီဖွင့်ချိန်မှာ ကျပ် ၅ သောင်းဆု ပေါက်ခဲ့တာဖြစ်ပါတယ်။ သူတို့ မိသားစု လေးဟာ မကြာသေးခင်ကပဲ ရှမ်းပြည်နယ် ခရီးစဉ်ကနေ ပြန်ရောက်လာတာဖြစ်ပါတယ်။



Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်မယ်လိုဒီဟာ အကြိမ် ၂၀ မြောက် အောင်ဘာလေ ထီပေါက်စဉ်မှာ  ကျပ် ၅သောင်းဆု ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ကျပ် ၅ သောင်းဆုရှင် မယ်လိုဒီရဲ့ ရင်ထဲက စကားသံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

'' သိန်းတစ်သောင်း မပေါက်ပေမယ့် ၅သောင်းဆုကလေးတော့ပေါက်တယ်ရှင်။  သားလေးသိဒ္ဓိစစ်ရေ မေမေသုးံမှာစိုးလို့ သိန်းတစ်သောင်း မပေါက်သေးတာလားဟင်။ မင်္ဂလာနံနက်ခင်းပါလေ မော်လမြိုင်မုန့်ဟင်းခါးအရည်ကျဲလေးစားပြီးတော့ ဘဲကျေနပ်လိုက်ပါတယ်ရှင်။ ၇ ရက် သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

မယ်လိုဒီတို့ မိသားစုလေးဟာ မကြာသေးခင်ကပဲ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ကျိုင်းတုံမြို့ကို ခရီးထွက်ခဲ့ကြပါ သေးတယ်။  ဒီခရီးလေး ကတော့ သားလေးသိဒ္ဓိစစ်အတွက် ပညာအမွေတွေရော၊ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ရရှိစေဖို့ ခရီးထွက်ခဲ့တာ ဆိုပြီးတော့ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

''ခရီးပမ်းပေမယ့် အမြဲတမ်းအမှတ်တရ ဖြစ်နေမှာပါ။ သားအတွက် ပညာအမွေနဲ့ပျော်စရာကောင်းတဲ့အမှတ်တရတွေကိုဘဲ အကောင်းဆုံး ပေးနိုင်ဖို့ကြိုးစားသွားမှာပါ။ ခရီးသွားခြင်းက သားသားအတွက် ဗဟုသုတတိုးစေပါတယ်(အမေကသာ ဘာမှမမှတ်မိတာ သူကအကုန် မှတ်မိ နေတယ် အံ့ရော မိသားစုအမှတ်တရလေးတွေ သားလေးကြီးလာရင် ပြန်ကြည့်ပြီး ပျော်ရွှင်နိုင်ပါစေ'' လို့ ဆုတောင်းပေးထားပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

သားလေးကို ပညာ၊ဗဟုသုတတိုးစေဖို့ ခရီးထွက်ခဲ့ကြတယ်ဆိုတဲ့ မယ်လိုဒီ 

သားလေး သိဒ္ဓိစစ်ဟာ ငယ်ငယ်ကတည်းက ကလေးပစ္စည်းကြော်ငြာလေးတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်ကနေ ရရှိလာတဲ့ ငွေကြေးနဲ့ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့တယ်။ မိဘတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ခဲ့တယ်ဆိုပြီးတော့လည်း မယ်လိုဒီကသူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ပြောပြခဲ့ဖူးပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မကြာ ခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က