သူ့ရဲ့ စကားသံတွေကို အခုလိုပြောပြထားပါတယ်။

ခန့်စည်သူကိုတော့ သရုပ်ဆောင် ပိုင်ဖြိုးသု၊ ရွှေသမီး နဲ့ ရွှေမှုန်ရတီ၊ ရတနာဗို တို့အတူ သွားရောက် ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ သူမတို့ ၄ ယောက် စလုံးကလည်း အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးတွေ ဖြစ်ကြပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီ ခန့်စည်သူ က ဝါကျွတ်မှာ တပည့်ဖြစ်သူလေးတွေရဲ့ ဂါရဝပြုတာကို ခံနေရပြီဖြစ်ပါတယ်။ သူ့ကိုတော့ သရုပ်ဆောင် ပိုင်ဖြိုးသု၊ ရွှေသမီး နဲ့ ရွှေမှုန်ရတီ၊ ရတနာဗို တို့က အောက်တိုဘာလ ၃၁ ရက်နေ့မှာ လာရောက် ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ ပီတိစကားတွေကိုလည်း အခုလို ပြောပြထားပါသေးတယ်။

'' Happiness depends on what you can give, not what you can get ။ ပျော်ရွှင်မှုဆို တာ ခင်ဗျား ပေးနိုင်တဲ့အပေါ်မှာပဲ တည်ပါတယ်။ ယူတဲ့အပေါ်မှာ မတည်ပါဘူး'' ဆိုပြီးတော့ အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာတင်ခဲ့ပါတယ်။ အဲ့ဒီနောက် ရွှေသမီး၊ ပိုင်ဖြိုးသု၊ ရွှေမှုန်ရတီ၊ ရတနာဗို တို့နဲ့ အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

လက်ရှိဖြစ်နေတဲ့ ရုပ်ရှင်လောကအကြောင်းရင်ဖွင့်လာတဲ့ ခန့်စည်သူ 

ရွှေသမီး၊ ပိုင်ဖြိုးသု၊ ရွှေမှုန်ရတီ၊ရတနာဗို တို့ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးခဲ့ကြတဲ့ မင်းသမီးလေးတွေဖြစ်ပါတယ်။ သူမတို့ ၄ ယောက်စလုံး ဟာ လက်ရှိ အနုပညာလောကမှာလည်း အောင်မြင်မှုရရှိနေကြသူတွေဖြစ်ပါတယ်။ ဒီထဲကမှ  ပိုင်ဖြိုးသုကလည်း 3 Girls ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

သရုပ်ဆောင်ခန့်စည်သူဟာ အခုလက်ရှိမှာတော့ မေတ္တာသိင်္ဂဟ ဖောင်ဒေးရှင်းနဲ့အတူ အလှူအတန်းတွေလုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒါ ကြောင့်လည်း ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားတယ်လို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားထားပါတယ်။ ကျွန်တော်တို့ မေတ္တာ သိင်္ဂဟဖောင်ဒေးရှင်းနဲ့ အတူ အလှူတွေ လုပ်ဖို့ စီစဉ် နေတယ်။ မကြာခင်ကလည်း ဆရာတော်အရှင်ဆန္ဒာဓိက ရဲ့ ပညာရေးဖောင်ဒေးရှင်းမှာ ကျွန်တော်တို့ လှူခဲ့ပါသေးတယ်'' လို့ ခန့်စည်သူက ပြောပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟ ပရဟိတ အဖွဲ့ အနေနဲ့ ပရဟိတအကျိုးတွေဆောင်ရွက်လျှက်ရှိပြီး သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က