''မဇ္ဈိမအလင်း'' ဗုဒ္ဓဝင်ဇာတ်ကား ပြီးမြောက်ဖို့အတွက်ပါတဲ့။

စင်ရော်မောင်မောင်ကတော့  မဇ္ဈိမအလင်း ဗုဒ္ဓဝင်ဇာတ်ကား အတွက် ဗုဒ္ဓဝင်ပန်းချီကားတွေကို အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။ ကူညီပေးနိုင်မယ့် အလှူရှင်တွေကိုလည်း ဆက်သွယ်ရမယ့် လိပ်စာတွေ ဆက်လက်ဖော်ပြထားပါတယ်။

44155131_10215592984011355_3199359363999334400_n.jpg

Photo: စင်ရော်မောင်မောင်ဖေ့စ်ဘွတ်

 

ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးပုံဖော်ထားတဲ့ '' မဇ္ဈိမအလင်း ဗုဒ္ဓဝင်ဇာတ်ကား'' ကို လက်ရှိမှာ ပြီးစီးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဇာတ်ကားဖြစ်မြောက်ရေးအတွက်လည်း ဗုဒ္ဓဝင်ပန်းချီကားတွေကို အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

''လိုအပ်သော ပန်းချီကားများ မှာ ၁။ပါရမီဖြည့်ကျင့်ခဲ့သော ဗုဒ္ဓ၏ ပန်းချီကားများ ၊ ၂။သူအို သူနာ သူသေ ရဟန်း စသည့် နိမိတ်ကြီး (၄)ပါး မြင်သော ပန်းချီကား၊ ၃။သဗ္ဗေညုဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသော ပန်းချီကား၊ ၄။ဗုဒ္ဓမြတ်စွာသည် ကဿပညီနောင် (၃)ဦး ခေါင်း ဆောင်သော ရသေ့ ၁၀၀၀ကို ချွတ်တော်မူရန် ဥရုဝေလတောသို့ ကြွတော်မူသောပန်းချီကား၊ ၅။အရှင်အဿဇိ ဆွမ်းဘုန်းပေးပြီး တရားပြ ဟောတော်မူရာ အရှင်သာရိပုတ္တရာ သောတာပန်ဖြစ်တော်မူသောအကြောင်းကို အရှင်မောဂ္ဂလ္လာန်အား ပြောပြသည့် ပန်းချီကား၊ ၆။ဘုရား ရှင် အား ပင့်လျှောက်ရန် သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီအမတ်အား မိန့်တော်မူနေသော ပန်းချီကားများ ၇။ဘုရားရှင် တန်ခိုးကြီး ရဟန်းများနှင့် တာဝတိံသာသို့ ကြွတော်မူသော် နဂါးမင်းသည် မြင့်မိုရ်တောင်ကို မမြင်လေအောင် ဖုံးအပ်ထားသည်ကို အရှင်မောက်ဂလ္လန် သည် ဘုရားထံ ခေါ်လာပြီး ရတနာ၃ပါးကို ကိုးကွယ်စေသည့် ပန်းချီကား'' တွေကို အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

Photo: စင်ရော်မောင်မောင်ဖေ့စ်ဘွတ်

 

စင်ရော်မောင်မောင် ဟာ  မဇ္ဈိမအလင်း ဗုဒ္ဓဝင်ဇာတ်ကားအတွက် ကူညီပေးမည့် အလှူရှင်များရဲ့ နာမည်ကိုလည်း ဇာတ်ကား စာရင်းထဲမှာ ထည့်သွင်းဖော်ပြပေးသွားမယ်လို့ဆိုပါတယ်။ ဆက်သွယ်ရမယ့် လိပ်စာတွေကိုလည်း ဆက်လက်ပြောပြခဲ့ပါတယ်။

''၎င်းပန်းချီကားများ ရှိခဲ့လျှင် Original ပန်းချီကားကို ဓာတ်ပုံရိုက်ယူလိုပြီး အလှူတောင်းခံလိုပါသည်။အလှူရှင် စာရင်း တွင် ထည့်သွင်း ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။ ဆက်သွယ်ရန် လိပ်စာ အမှတ်(၆/အေ)၊ မြေနီကုန်းပလာဇာ၊ ဗားကရာလမ်း၊စမ်းချောင်းမြို့နယ်။ဖုန်း- 01 525715 ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။ မဇ္ဈိမအလင်း မိသားစု'' ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သူ့ ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: စင်ရော်မောင်မောင်ဖေ့စ်ဘွတ်

မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ စင်ရော်မောင်မောင် 

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ၂၀၁၇ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆု ကို ရရှိခဲ့ပါတယ်။ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

Photo: စင်ရော်မောင်မောင်ဖေ့စ်ဘွတ်

 

ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင် တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင် ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင် ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။

Share

က္က