ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ ကတော့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးချစ်လာလို့ ပိုပြီး ဂရုစိုက်တတ်ကြတဲ့အကြောင်းတွေကို ပြောပြ လာပါ တယ်။ အဲ့ဒီနောက် သူတို့ရဲ့ အိမ်ထောင်ရေးအကြောင်းတွေလည်း ပြောပြလာပါသေးတယ်။
သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ရဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ဇင်သဲနိုင်အတွက်တော့ ခင်ပွန်း ဖြစ်သူ ပိုင်ဇေရဲထွန်းဟာ မရှိမဖြစ် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်တယ်လို့လည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' အစ်မအတွက်တော့ အစ်မယောကျ်ားက အစ်မတို့ မိသားစုလေးကို နွေးထွေးစေတယ်။ လုံခြုံမှုပေးတယ်၊ အစ်မဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေပဲရှိရှိ အစ်မတို့ဘက်ကနေ ရပ်တည်ပေးတယ်။ သူက မိသားစုအတွက် တံတိုင်းပဲပေါ့ နော်။ ခင်ပွန်းရှိမှတင့်တယ်မှာ အစ်မတို့ ဘာလိုလို ပံ့ပိုးပေးနိုင်တယ်'' လို့ ဆိုပါတယ်။
Photo: ဇင်သဲနိုင်ဖေ့စ်ဘွတ်
ပိုင်ဇေရဲထွန်းဟာ ဇနီးဖြစ်သူကို ဂရုစိုက်တတ်တဲ့ ပုံလေးတွေက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပရိသတ်တိုင်းရဲ့ အားကျစရာ စုံတွဲ တစ်တွဲဖြစ်ခဲ့ ပါတယ်။ ဒီလို ဂရုစိုက်တတ်လာတာတွေကလည်း အစစအရာရာ ဂရုစိုက်တတ်တဲ့ ဇနီးအပေါ် ပိုပြီးတော့ချစ်လာလို့ပါ ဆိုတာကို အောက်တို ဘာ လ ၂၉ရက်နေ့က အာဇာနည်နဲ့ ဝမ်း တို့ရဲ့ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။
'' အစ်ကိုက သူ့ကို တကယ်ချစ်တယ်၊ အခုလောလောဆယ်ဆိုရင် ဇနီးဖြစ်သူက အစ်ကို့ကို ပြုစုစောင့်ရှောက်နေတာ အစ်ကိုနေမကောင်းတဲ့ အချိန်မှာဆိုရင် အစ်ကို့ကို တောက်လျှောက်ပြုစုရတယ်။ အစ်ကို မအားတဲ့ အချိန်မှာလည်း အိမ်အလုပ်တွေ သူ အကုန်လုပ်နေရတယ်။ ကျေးဇူး ဆိုတာလည်းပြောပြလို့မရပါဘူး၊ သူ့ကို ချစ်တယ် ဆိုတာနဲ့ပဲ မိသားစုတစ်စုလုံး ပျော်ပျော်ရွှင်ရွှင်နေတယ် ဒါပါပဲ'' လို့ဆိုပါတယ်။
Photo: ဇင်သဲနိုင်ဖေ့စ်ဘွတ်
ဇနီးကို ကျေးဇူးတင်ကြောင်း ပြောလာတဲ့ ပိုင်ဇေရဲထွန်း
ပိုင်ဇေရဲထွန်းနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ဟာ အသက် ၁၀ နှစ်ကွာကြာတာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေးမှာလည်း စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်နဲ့ ပျော်စရာကောင်းခဲ့တယ်လို့ ဆိုပါတယ်။
'' စိတ်ကောက်ရင်တော့ ချော့ရတာပေါ့။ အစ်ကိုထင်တယ် စိတ်ကောက်တိုင်း တော်တော်များများကတော့ အစ်ကိုပဲ ချော့ရတာပေါ့။ ပြန်ပြေ တယ်ဆိုတာ သိပ်မရှိဘူး''လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဇနီးဖြစ်သူ ဇင်သဲနိုင်ကလည်း ''အစ်မကလည်း ကိုယ်တိုင် ချွဲချင် နွဲ့ချင်လို့ ကိုယ်နဲ့ ၁၀ နှစ်ကွာတဲ့ ယောကျ်ားကို ယူထားတာပါ'' လို့ ရယ်ရယ်မောမော ပြောပြထားပါသေးတယ်။
Photo: ဇင်သဲနိုင်ဖေ့စ်ဘွတ်
ရုပ်ရည်ချောမောလှပပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေးတို့က ဒီနေ့(မေလ၂၅ရက်)မှာ အိမ်ထောင်သက်တမ်း (၁၃)နှစ်တိုင်ခဲ့ပါပြီ။ ပိုင်ဇေရဲထွန်း အသက်(၂၈)နှစ် နဲ့ ဇနီးဖြစ်သူက အသက်(၁၈)နှစ်မှာ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အခုဆိုရင် ရင်သွေးလေး သုံးယောက်နဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခဲ့ပါပြီ။