တူနှစ်ကိုယ်ရွှေလက်တွဲပြီး ဘဝခရီးကိုဖြတ်သန်းတော့မယ့် ဇနီးမောင်နှံတွေအနေနဲ့ ကိုယ့်ရဲ့အိမ်၊အခန်းလေးမှာ ပရိဘောဂခန်းဝင်ပစ္စည်းတွေစုံစုံလင်လင်ထားရှိနိုင်ချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ မင်္ဂလာပွဲနဲ့တခြားကိစ္စတွေအတွက် ကုန်ကျစရိတ်ကလည်းရှိနေသေးတော့ ပရိဘောဂခန်းဝင်ပစ္စည်းတွေအတွက် ပိုက်ဆံတွေအများကြီး အကုန်ကျ မခံနိုင်တော့ဘူးဆိုရင် စိတ်ညစ်ရပြီပေါ့။ ဒီအတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ပရိဘောဂခန်းဝင်ပစ္စည်းတွေ ဝယ်ယူနိုင်စေမယ့် အကြံပြုချက် ၃ ချက်ကိုပြောပြပေးချင်ပါတယ်။
(၁) လိုအပ်မယ့်ပစ္စည်းစာရင်းကို တိတိကျကျပြုစုထားပါ
ကိုယ်နေမယ့် အိမ်၊အခန်းအလိုက်လိုအပ်မယ့်ပစ္စည်းတွေကို တိတိကျကျစာရင်းမပြုစုထားဘဲ ဈေးဝယ်ထွက်ရင်း ကောင်းနိုးရာရာတွေဝယ်မိသွားရင် မှန်းထားတာထက်ပိုမိုကုန်ကျတာ၊ လိုအပ်တဲ့ပစ္စည်းတွေအားလုံးမဝယ်မိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လိုအပ်မယ့် ပရိဘောဂခန်းဝင်ပစ္စည်းစာရင်းကိုတိတျိကျစာရင်းပြုစုထားဖို့လိုတာပါ။
(၂) ဈေးနှုန်းတွေကိုကြိုတင်လေ့လာထားပါ
ကိုယ်ဝယ်ယူရမယ့် ပရိဘောဂခန်းဝင်ပစ္စည်းတွေတစ်ခုချင်းအလိုက် ခန့်မှန်းချေဈေးနှုန်းတွေကိုကြိုတင်လေ့လာထားသင့်ပါ တယ်။ Facebook နဲ့အင်တာနက်မှာကြိုတင်လေ့လာရှာဖွေတာမျိုးလုပ်ထားနိုင်သလို မကြာသေးခင်က ပရိဘောဂတွေ ဝယ်ယူထားတဲ့အသိမိတ်ဆွေတွေကိုလည်းမေးမြန်းကြည့်လို့ရပါတယ်။ဒီလိုဈေးနှုန်းတွေကိုကြိုတင်လေ့လာထားမယ်ဆိုရင် ဈေးကြီးမမိနိုင်တော့သလို ဘယ်ပစ္စည်းအတွက်ဘယ်လောက်သုံးမယ်ဆိုပြီး ကြိုတင်လျာထားလို့လည်းရမှာပဲ ဖြစ်ပါတယ်။
(၃) ပရိုမိုးရှင်းရှာပါ
ရှောပင်းစင်တာကြီးတွေမှာ ရာသီအလိုက်ပရိဘောဂခန်းဝင်ပစ္စည်းတွေကို အထူးဈေးနှုန်းနဲ့ရောင်းချပေးတဲ့ ပရိုမိုးရှင်းတွေရှိ ပါတယ်။ အခုနိုဝင်ဘာလမှာဆိုရင် Ocean ဈေးဝယ်စင်တာမှာ ပရိဘောဂခန်းဝင်ပစ္စည်းတွေကို ဈေးနှုန်းသက်သက် သာသာနဲ့ အစုံလိုက်ရောင်းချပေးမယ့် Furniture & Bedding Fair ပရိုမိုးရှင်းရှိပါတယ်။ ခုတင်၊ထိုင်ခုံ၊ ဗီဒို၊ မှန်တင်ခုံ စတဲ့ ပရိဘောဂခန်းဝင်ပစ္စည်းတွေကို ငွေကြေးအသင့်အတင့်နဲ့စုံစုံလင်လင်ဝယ်ယူရရှိနိုင်မယ့် ပရိုမိုးရှင်းပါ။
ဒီပရိုမိုးရှင်းမှာ နှစ်ယောက်အိပ်ခုတင်၊ အဝတ်ဗီဒို၊ မှန်တင်ခုံ၊ ထိုင်ခုံ ဆိုပြီးခန်းဝင်ပစ္စည်းအစုံလိုက်ကို အတန်းဆုံး၊ အသင့်လျော်ဆုံးဈေးနှုန်းတွေနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တာကြောင့် စိတ်ရှုပ်စရာမလိုဘဲ ဈေးနှုန်းသက်သက်သာသာနဲ့ ခန်းဝင်ပစ္စည်းအစုံလိုက်ဝယ်ယူနိုင်မယ့်အခွင့်အရေးပါပဲ။ Ocean Furniture & Bedding Fair ပရိုမိုးရှင်းကို ရန်ကုန်မြို့က Ocean ဈေးဝယ်စင်တာတွေမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၁၅ ရက်နေ့ထိပြုလုပ်သွားမှာပါ။ အခြားမြို့တွေမှာလည်း နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာ ၆ ရက်နေ့အထိပြုလုပ်သွားဦးမှာဖြစ်ပါတယ်။ Ocean ဈေးဝယ်စင်တာမှာဆိုရင် ပရိဘောဂခန်းဝင် ပစ္စည်းတွေစုံလင်သလို ဈေးနှုန်းနဲ့အရည်အသွေးလည်း စိတ်ချရတာကြောင့် ရောက်အောင်သွားကြည့်ဖို့အကြံပြုချင်ပါတယ်။