အမျိုးသမီးတွေအတွက် ဗောက်ပြဿနာဟာတကယ့်ကိုစိတ်ရှုပ်စရာပါပဲ။ဗောက်တွေရှိနေပြီဆိုရင် စိတ်ရှုပ်ရရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပါပျောက်ဆုံးနိုင်တာကြောင့် ဗောက်ပြဿနာကို ပေါ့ပေါ့မတွေးသင့်ပါဘူး။ ဒါကြောင့်ဗောက်ပျောက်စေမည့်သဘာဝနည်းလမ်း၅ မျိုးကိုဓူဝံပရိသတ်ကြီးအတွက် ပြောပြပေးချင်ပါတယ်။
(၁) ဆိုဒါမှုန့်
ဆိုဒါမှုန့်က ဗောက်ပျောက်စေတယ်ဆိုရင် အံ့သြမသွားပါနဲ့။ နည်းလမ်းလေးပဲသိဖို့လိုတာပါ။ ပထမဆုံးဆံသားတွေကို ရေလောင်းလိုက်ပါ။ အဲဒီနောက်ဆိုဒါမှုန့်ကို လက်ဝါးထဲအပြည့်ထည့်ပြီးဦးရေပြားကိုပွတ်ပေးပါ။ပြီးရင်ရေဆေးချပေး ရပါမယ်။ ဒီနည်းလမ်းအတိုင်းလုပ်ဆောင်ရင်အစပိုင်းမှာ ဆံသားတွေနဲ့ဦးရေပြားခြောက်သွေ့တာမျိုးတော့ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ ရက်သတ္တပါတ်အတန်ကြာလာရင်တော့ ဦးရေပြားကသဘာဝအတိုင်းဆီထွက်လာပြီး ဆံသားတွေပျော့ပြောင်းကာ ဗောက်တွေလည်းတဖြည်းဖြည်းပျောက်ကင်းလာမှာပါ။
(၂) အုန်းဆီ
အုန်းဆီကတော့ အားလုံးသိတဲ့အတိုင်းအမျိုးသမီးတွေရဲ့ဆံသားနဲ့ဦးရေပြားပြဿနာတွေအတွက် ဟိုးတုန်းကတည်းက သုံးစွဲလာကြတဲ့ အစွမ်းထက်သဘာဝပစ္စည်းတစ်မျိုးပါပဲ။ ခေါင်းမလျှော်ခင်မှာ ကိုယ့်ရဲ့ဆံသား အတို၊အရှည်ပေါ်မူတည်ပြီး အုန်းဆီ လဘက်ရည်ဇွန်း ၃ ဇွန်းကနေ ၅ ဇွန်းအထိကို ဦးရေပြားထိအောင်လိမ်းကာ အနည်းငယ်နှိပ်နယ်ပေးပါ။ပြီးရင် ပုံမှန်အတိုင်းခေါင်းလျှော်လိုက်ရုံနဲ့ ဗောက်ပြဿနာကိုဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။
(၃) သံပရိုသီး
ဈေးထဲမှာအလွယ်တကူဝယ်ယူလို့ရတဲ့ သံပရိုသီးကလည်း ဗောက်ပြဿနာအတွက်နည်းလမ်းကောင်းတစ်ခုပါ။ ပထမဆုံး သံပရိုသီးကို လဘက်ရည်ဇွန်း ၂ ဇွန်းစာလောက်ရောက်အောင်အရည်ညှစ်ပြီး ဦးရေပြားထိရောက်အောင်လိမ်းပါ။ အဲဒီနောက် သံပရိုသီးအရည်လဘက်ရည်ဇွန်းတစ်ဇွန်းစာကို ရေတစ်ခွက်နဲ့ရောမွှေပြီး ဆံသားတွေကိုရေဆေးချပေး ရပါမယ်။ ဗောက်တွေပျောက်ကင်းတဲ့အထိ ဒီနည်းလမ်းအတိုင်းနေ့စဉ်မှန်မှန်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
(၄) ဆား
မီးဖိုချောင်ထဲက ဟင်းချက်ရာမှာသုံးတဲ့ဆားပုလင်းလေးကိုယူပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်ကိုဖြူးပါ။ အဲဒီနောက် ဦးရေပြားကိုအနည်းငယ်နှိပ်နယ်ပေးပြီး ခေါင်းလျှော်လိုက်ရင် ဗောက်တွေလျော့နည်းသွားနိုင်ပါတယ်။ ဗောက်တွေလုံးဝ ပျောက်ကင်းဖို့ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့နည်းလမ်းထဲကတစ်ခုခုနဲ့တွဲပြီးလုပ်ဆောင်ရင် ပိုပြီးထိရောက်မှာပါ။
(၅) Clear Herbal Care ခေါင်းလျှော်ရည်
ဒါကတော့ အပေါ်ကနည်းလမ်းတွေလောက်အလုပ်မရှုပ်ဘဲ ပိုပြီးထိထိရောက်ရောက်နဲ့အလွယ်တကူ ဗောက်လုံးဝရှင်းစေ နိုင်သလို လှပတဲ့ဆံကေသာကိုပါပိုင်ဆိုင်နိုင်စေမယ့်နည်းလမ်းပါ။ Clear Herbal Care ခေါင်းလျှော်ရည် အသစ်မှာ သဘာဝဆေးဖက်ဝင်အပင်များဖြစ်တဲ့ ဂျင်ဆင်း၊ ပျားရည်စုပ်ပန်း၊ ဒန့်ဒလွန်ရွက်၊ သစ်ခွ နဲ့စမုန်ဖြူတို့ပါဝင် သောကြောင့် ဦးရေပြားကို အတွင်းပိုင်းထိ အားဖြည့်ကာ ပြီး ဗောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်လို့ သဘာဝအတိုင်း ဗောက်ကင်းစင်ပြီးလှပတဲ့ဆံကေသာကိုလေးကိုပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။