မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဘုန်းမောက်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူး လူကာကူကို ပွဲထွက်ကစားသမားစာရင်းမှာ ပြန်လည်ခေါ်ယူဖို့အတွက် ပြင်ဆင်နေပြီး ရက်ရှ်ဖို့ဒ်ကတော့ အရန်ခုံမှာသာ ထိုင်နေရတော့မယ်လို့ မျှော်လင့်ရပါတယ်။
Photos: Metro
လူကာကူဟာ ပြီးခဲ့တဲ့အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး မော်ရင်ဟိုက တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ မာတာတို့ ၃ ယောက်ကို တွဲဖက်ကစားစေခဲ့တာဖြစ်ပါတယ်။
အဲဗာတန်နဲ့ပွဲစဉ်မှာ အထောင်တိုက်စစ်နေရာမှာ ကစားခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် ကွင်းလယ်အတွက် နေရာလွတ်များစွာ ဖန်တီးပေးနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။
Photos: Metro
လူကာကူဟာ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူကာကူက ချန်လှပ်ခံခဲ့ရခြင်းကို ကောင်းမွန်စွာ တုံ့ပြန်ရမယ်လို့ ပြောကြားခဲ့ပြီး နည်းပြမော်ရင်ဟိုက ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ပြန်လည်ပေးတော့မယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ ၎င်းရဲ့ညာတောင်ပံနေရာမှာ ပါဝင်ကစားနိုင်ဖို့ဆိုရင် မာတာကို လူစာရင်းကနေ ချန်လှပ်ခဲ့မှသာ ရတော့မှာဖြစ်ပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်နဲ့ လင်ဂတ်တို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေမှာ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီး အရန်ခုံမှာထိုင်နေကြပြီဖြစ်ပေမယ့် ဘုန်းမောက်နဲ့ပွဲစဉ်မှာတော့ ပါဝင်ကစားပေးနိုင်ဖို့ မသေချာသေးပါဘူး။