ခင်လှိုင်တို့ မိသားစုဟာ အနုပညာအစ်မ တစ်ဦးဖြစ်တဲ့ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံလေးကို ဂါရဝပြုခဲ့ကြတာကို တွေ့ရပါတယ်။ ခင်လှိုင်နဲ့ တက္ကသိုလ် ဂွမ်းပုံလေးတို့ဟာ ဇာတ်ကားတော်တော်များများမှာ အတွဲညီညီပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။
Photo: ခင်လှိုင်ဖေ့စ်ဘွတ်
သရုပ်ဆောင် ခင်လှိုင်တို့ မိသားစုဟာ အနုပညာ မောင်နှမ လည်းဖြစ် အစ်မ တစ်ယောက်လို ချစ်ခင်ရတဲ့ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံ လေးကို ဂါရဝပြု ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ခင်လှိုင် ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးထဲမှာပါဝင်သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။
'' အနုပညာမောင်နှတွေထဲမှ အချစ်ရဆုံး သားလေး"ကိုခင်လှိုင်"တို့မိသားစုလေး။ ဒီနေ့ညနေရိုက်ကွင်းမှာ သီတင်းကျွတ်ဂါရဝ ပြုကြစဉ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ အဲ့ဒီနောက် တက္ကသိုလ် ဂွမ်းပုံကို ခင်လှိုင်တို့ မိသားစုက ကန်တော့နေတဲ့ အမှတ်တရ ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။
Photo: ခင်လှိုင်ဖေ့စ်ဘွတ်
သရုပ်ဆောင် ခင်လှိုင်ဟာ '' တောက်ချ လိုက်မယ်'' ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နာမည်ကျော် အနုပညာရှင်တွေကလည်း ယုံယုံကြည်ကြည်နဲ့ ပါဝင်သရုပ်ဆောင်လျှက်ရှိတာကို တွေ့ရပါတယ်။
'' တောက်ချလိုက်မယ် ပထမဦးဆုံးနေ့ ပင်ပန်းပေမဲ့ ပါဝင်ကြတဲ့အနုပညာညီအကိုမောင်နှမတွေ ချစ်ခင်စွာဝိုင်းပြီးကြိုးစားပေးခဲ့ကြလို့ ပျော်ရွှင်စွာဖြင့်ပထမဆုံးနေ့လေးကို ဖြတ်သန်းနိုင်ခဲ့ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
Photo: ခင်လှိုင်ဖေ့စ်ဘွတ်
ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးရိုက်တော့မယ့် ခင်လှိုင်
တောက်ချလိုက်မယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ခန့်စည်သူ၊အကယ်ဒမီ မြင့်မြတ်၊ ရွှေသမီး၊ ပက်ထရစ်ရှာ၊ အရိုင်း၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဆင်မ၊ အကယ်ဒမီ ဝါဝါအောင်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ ကေညီ၊ စိစိ၊ စူပါလင်း၊ သွက်လက်၊ ချစ်ကြီး၊ ဖိုးသဲ၊ အိုကေ၊ အေးအေး အောင်၊ Stella နဲ့ နောက်ထပ် ဟာသသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။
Photo: ခင်လှိုင်ဖေ့စ်ဘွတ်
သရုပ်ဆောင် ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံ တို့ အနုပညာမောင်နှမ နှစ်ယောက်ကတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာလဲ အတွဲ ညီညီပါဝင်သရုပ်ဆောင်နိုင်ကြသလို အစီအစဉ်တင်ဆက်သူအနေနဲ့လည်း ပရိသတ်ကို ပျော်စရာလေးတွေဖန်တီးပေးလေ့ရှိတဲ့ သူတွေပဲဖြစ် ပါတယ်။