Twitter ကနေ လှုံ့ဆော်ခဲ့တာပါ

အမျိုးသမီးဝန်ထမ်းတွေပေါ် ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်က Google ဝန်ထမ်း ရာပေါင်းများစွာဟာ တစ်ချိန်တည်းလိုလို လမ်းလျှောက်ဆန္ဒပြနေကြပါတယ်။

181101134359-06-google-walkout-1101-london-super-tease.jpg

Photo: CNN

 

ကုမ္ပဏီတွင်း ကျား/မ ခွဲခြားဆက်ဆံတဲ့အပေါ် Google ရဲ့ အရေးယူစီမံမှုကို မကျေနပ်တာကြောင့် အခုလို ဆန္ဒပြနေကြတာ ဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့က စတင်ကာ ဒေသတွင်း စံတော်ချိန် မနက် ၁၁ နာရီမှာ စတင် ဆန္ဒပြခဲ့တာပါ။ ဒီနောက်မှာတော့ စကာၤပူ ၊ ဒဗ္ဗလင် ၊ လန်ဒန် ၊ ဘာလင် ၊ ဇူးရစ် နဲ့နယူးယော့ခ်တို့မှ Google ဝန်ထမ်းတွေကလည်း သူတို့ရဲ့ စံတော်ချိန် မနက် ၁၁ နာရိမှာ လမ်းလျှောက်ဆန္ဒပြလာကြတာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက Google ဝန်ထမ်းတွေကို ဒီသပိတ်မှာ ပါဝင်စေဖို့Twitter အကောင့်ဖြစ်တဲ့ @GoogleWalkout မှာ #GoogleWalkout အစီအစဉ်အနေနဲ့လှုံ့ဆော်ခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မှာ ရှိတဲ့ Google ရဲ့ ရုံးချုပ်မှာရှိတဲ့ ဝန်ထမ်းတွေကလည်း ကုမ္ပဏီရဲ့ CEO ဆွန်ဒါပီချိုင်းရဲ့ ရုံးခန်းရှိရာ အဆောက်အဦးနားက ဗဟိုပလာဇာမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဆွန်ဒါပီချိုင်းကတော့ ဆန္ဒပြသူတွေကို လိုအပ်တဲ့ အထောက်အပံ့ပေးဖို့ညွှန်ကြားထားပြီး ဒီလူတွေရဲ့ အကြံပြုချက်ကိုယူပြီး အကောင်အထည်ဖော်ဖို့လုပ်ဆောင်နေတယ်လို့အီးမေလ်းပေးပို့ရာမှာ ဖော်ပြခဲ့ပါတယ်။

"ခင်ဗျားတို့ခံစားနေရတဲ့ ဒေါသနဲ့စိတ်ပျက်မှုတွေကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်လည်း အလားတူပါပဲ။ ကျွန်တော်တို့လူ့အသိုင်းအဝိုင်းမှာ ရေရှည် အမြစ်တွယ်နေတဲ့ အခု Google မှာပါ ဖြစ်နေတဲ့ ပြဿနာကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ကျွန်တော် အပြည့်အဝ ကတိကဝတ်ပြုပါတယ်။"လို့အီးမေးလ်မှာ ထုတ်ပြန်ထားပါတယ်။

 

New York Times မှာ လိင်ခွဲခြားဆက်ဆံမှုတွေ လုပ်ခဲ့တဲ့ Google ထိပ်တန်းအမှုဆောင်တစ်ဦး အလုပ်မှ ထွက်ပြီးနောက် ကုမ္ပဏီဟာ ဒေါ်လာ သန်း ၉၀ ပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ပါလာပြီးနောက် ချီတက်ဆန္ဒပြမှုတွေ ရှိလာခဲ့တာပါ။ မစ္စတာပီချိုင်းကတော့ လိင်ပိုင်းမဖွယ်မရာ လုပ်ခဲ့တဲ့ ဝန်ထမ်း ၄၈ ဦးကို လစာမပေးဘဲ အလုပ်ထုတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က