အခုနှစ် ကုန်ပိုင်းက စတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့ ကျောင်းသား ပေါင်း ၂၀၀ ကျော်ကို ခေါ်ယူသင်ကြားတော့မှာပါ။

ဝန်ကြီးများရုံးနဲ့ Harrow Education တို့ပူးပေါင်းပြီး Centre of Excellence အမည်ရှိတဲ့ ထူးချွန်လူငယ်တွေ မွေးထုတ်ပေးတဲ့ ပညာရေးစင်တာတစ်ခုကို ဝန်ကြီးများရုံးမှာ တည်ဆောက်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။



 

 

အဆိုပါ ပညာရေးစင်တာမှာ ဒစ်ဂျစ်တယ်ခေတ်စနစ်အသစ်နှင့်အညီ သင်ကြားပေးသွားမှာဖြစ်ပြီးတော့  စင်တာဆောက်လုပ်နိုင်ဖို့ ဝန်ကြီးများရုံးနဲ့ Harrow Education တို့ နိုဝင်ဘာ ၁ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

၁၄၀၀၀ စတုရန်းပေရှိတဲ့ဝန်ကြီးများရုံးနေရာမှာ အဆိုပါ အဆောက်အဦးတည်ဆောက်မှာဖြစ်ပြီး အခုနှစ် ကုန်ပိုင်းက စတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့ ကျောင်းသား ပေါင်း ၂၀၀ ကျော်ကို ခေါ်ယူသင်ကြားတော့မှာပါ။

 

 

Secretariat Centre of Excellence မှ သင်ရိုးညွှန်းတမ်းနှင့် ပညာရေးဆိုင်ရာ ဒါရိုက်တာ Robert Price ကတော့ “Centre of Excellence ကနေ အရင် သင်ကြားနေကျပုံစံကို ပိုထိရောက်မှုရှိအောင် ပြင်ဆင်ထားတဲ့ သင်ကြားနည်းစနစ် အသစ်တွေနဲ့ ပညာရေးကဏ္ဍ အတွေးအခေါ်သစ်တွေကို လမ်းညွှန်ပေးသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

သင်ကြားမယ့်ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးများရုံးနဲ့ Centre of Excellence တို့ ဆွေးနွေးနေကြပြီးတော့ ကျောင်းဖွင့်ခါနီးမှာ အသိပေးောကညာသွားမယ်လို့ ဝန်ကြီးများရုံးတာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်လိုအပ်ချက်နဲ့ သင်ကြားရတဲ့ဘာသာရပ်တွေ ကွာဟနေပြီး အခုဖွင့်လှစ်မယ့် Centre of Excellence စင်တာမှာ မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေအတွက် လုပ်ငန်းခွင်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်တန်းတွေကို သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ဒစ်ဂျစ်တယ်ခေတ်စနစ်တွေကို သင်ကြားပေးသွားမှာနဲ့ ပတ်သက်ပြီး  Chindwin-PSB Institute ကျောင်းမှ University Director ဖြစ်သူ Kan Win Oung က“ နိုင်ငံရဲ့ အဓိကဖြစ်တဲ့ ကျောင်းသားလူငယ်  တွေကို စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ အရည်အချင်းတွေ ပိုပြီး တိုးတက် ပြည့်ဝလာအောင် မဖြစ်မနေ ပြင်ဆင်သင်ကြားပေးထားရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က