အခြားပွဲစဉ်တွေကိုလည်း လွဲချော်ဦးမှာပါ။

ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတဲ့ မန်စီးတီးကွင်းလယ် ကစားသမား ကီဗင်ဒီဘရိုင်းဟာ ရက်သတ္တပတ် (၅)ပတ် (သို့) (၆)ပတ်ခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးက ၂-ဝဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဒီဘရိုင်းရဲ့ဘယ်ဘက်ဒူးမှာ အရွတ်ဒဏ်ရာ ရရှိခဲ့ပြီး အနားယူရမယ်လို့ မန်စီးတီးက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

Photo : Evening Standard


 

ဒီရာသီအစပိုင်းကလည်း အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့လို့ လအနည်းငယ် အနားယူခဲ့ရတဲ့ ဒီဘရိုင်းဟာ ဒဏ်ရာက ပြန်လည်သက်သာလာတာ မကြာမြင့်သေးပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ချိန်မှာ နောက်ထပ်ဒဏ်ရာတစ်ခု ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် ဒီဘရိုင်းဟာ မန်ယူနဲ့ ကစားရမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်ရပြီလည်း ဖြစ်ပါတယ်။

Photo : Fox Sports

 

ဒီဘရိုင်းရဲ့ ဒဏ်ရာဟာ ခွဲစိတ်စရာမလိုဘူးလို့ သိရပေမယ့် တစ်လခန့် အနားယူရမယ့် ဒဏ်ရာဖြစ်တယ်လို့ မန်စီးတီးက ရေးသားဖော်ပြခဲ့ပါတယ်။ "ကံမကောင်းစွာနဲ့ သူ ဒဏ်ရာရခဲ့ပါတယ်၊ ကံကောင်းတာက ခွဲစိတ်စရာမလိုတာပါပဲ၊ ဒါပေမယ့် ဆရာဝန်ရဲ့ ပြောကြားမှုအရ သူ ငါးပတ်၊ ခြောက်ပတ်လောက်တော့ အနားယူရမှာပါ" လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

Photo : Goal.com

 

"သူ အရင်ကလည်း နှစ်လခွဲလောက် နားခဲ့ရပြီးပါပြီ၊ သူ့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်၊ သူ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရဦးမှာပါ" လို့လည်း ဂွာဒီယိုလာက ဆိုပါတယ်။ ဒီဘရိုင်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲ (၃)ပွဲသာ ပါဝင်ကစားပေးထားပြီး ရှက်တာဒိုးနတ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပါဝင်ကစားပေးခဲ့ပါတယ်။

ဒီဘရိုင်းအနေနဲ့ မနက်ဖြန်မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲစဉ်ကို လွဲချော်ရမှာဖြစ်သလို အခြားပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ မန်ချက်စတာဒါဘီပွဲ၊ ချယ်လ်ဆီးနဲ့ပွဲတို့အပြင် ချန်ပီယံလိဂ်မှာ ကစားရမယ့် ရှက်တာဒိုးနတ်၊ လိုင်ယွန်တို့ရဲ့ ပွဲတွေကိုပါ လွဲချော်တော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က