မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက အသင်းတိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ ထိပ်တန်းကစားသမားြ ဖစ်လာဖို့ နီးစပ်နေပြီးလို့ ချီးကျူးစကားပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက မာရှယ်ကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိစေ ချင်တယ်လို့ သူ့ရဲ့ဆန္ဒကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo : Goal.com
ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့သူ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း အသင်းက ထွက်ခွာချင်ခဲ့သလို မော်ရင်ဟိုကလည်း မာရှယ်ကို ရောင်းချဖို့အတွက် အသင်းကို မီးစိမ်းပြခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ BBC က ရေးသားဖော်ပြခဲ့ပါတယ်။
ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ စံချိန်သစ်တင်ခဲ့တဲ့ ပီအက်စ်ဂျီ
Photo : Evening Standard
လာမယ့်နွေရာသီမှာ မာရှယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီချက် ရှိနေပါသေးတယ်။ မာရှယ်အပေါ်မှာ ထားရှိလာတဲ့ သူ့ရဲ့ သဘောထားကို မော်ရင်ဟိုက အခုလိုပဲ ပြောပြခဲ့ပါတယ်။
Photo : 101 Great Goal
"အသင်းက သူ့ကို ဆက်ရှိစေချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒီအတွက်ကြောင့် သူ အသင်းမှာ ဆက်နေမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်၊ သူက အရည်အချင်းပြည့်ဝတဲ့ ကစားသမားဆိုတာ အားလုံးသိပြီးသားပါ၊ မိုနာကိုကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ လာပြီးကတည်းက သူက ဘယ်လိုကစားလဲဆိုတာ အားလုံးက နားလည်ကြပါတယ်"
"ခြေစွမ်းတည်ငြိမ်ပြီး ဘောလုံးကို ဘယ်လိုကစားရမလဲ နားလည်တဲ့ အရည်အသွေးရှိ ကစားသမားတစ်ယောက်အနေနဲ့ နောက်ထပ်မြင့်မားတဲ့ အဆင့်တစ်ခုကို တက်ရောက်နိုင်မှာပါ၊ ကျွန်တော်ဆိုလိုချင်တာက ထိပ်တန်းကစားသမားအဆင့်ကိုပါ၊ ထိပ်တန်းအရည်အသွေးရှိမှလည်း ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာမှာပါ"
"မာရှယ်က အခုဆို ဒီလိုကစားသမားဖြစ်လာဖို့ နီးစပ်နေပါပြီ၊ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်" လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ မာရှယ်ဟာ ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစားပြီး (၁၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း မာရှယ်က အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ (၄)ပွဲမှာ (၄)ဂိုးသွင်းပေးထားပြီး ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပါတယ်။