ဒီနေ့ည (၇)နာရီမှာ ကစားမှာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ရဲ့ အစောဆုံးပွဲကိုတော့ ဒီနေ့ (စနေနေ့) ည (ရး၀၀) နာရီမှာ ဘုန်းမောက် နဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားသွားကြမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားရပ်တည်မှုမှာ ယူနိုက်တက်ရဲ့ အပေါ်မှာ ရှိနေတဲ့ ဘုန်းမောက်က အိမ်ကွင်းမှာ ယူနိုက်တက်ကို အနိုင်ကစားသွားမလား၊ ယူနိုက်တက်ကပဲ ဘုန်းမောက်ကို အနိုင်ယူပြီး အမှတ်ပေးဇယားမှာ အဆင့်မြင့်တက်လာဖို့ ကြိုးစားနိုင်မလား စိတ်ဝင်စားစရာပါပဲ။

 


နှစ်ဖက်အသင်းသတင်းများ

Photo : 101 Great Goal

 

- ဘုန်းမောက်အသင်းခေါင်းဆောင် ဖရန်စစ်ကတော့ ပေါင်ခြံဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

- တိုက်စစ်မှူး ဂျိုရှူအာကင်းကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် အသင့်ဖြစ်မနေပါဘူး။

- မန်ယူအသင်းမှာ ဗလန်စီယာ၊ ဖယ်လိုင်နီ၊ ဒါလော့ နဲ့ ဆန်းချက်ဇ်တို့ ဒီပွဲကို လွဲချော်မှာပါ။

- နောက်ခံလူဖီးဂျုံးစ်လည်း ကစားနိုင်မှာ မဟုတ်ဘူးလို့ မော်ရင်ဟိုက အတည်ပြုထားပါတယ်။

 

အချက်လက်မှတ်တမ်းများ

Photo : 101 Great Goal

 

- မန်ယူနဲ့ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ ဘုန်းမောက်အသင်းက လေးပွဲရှုံးပြီး တစ်ပွဲသရေကျကာ နိုင်ပွဲမရှိခဲ့ပါဘူး။

- ဒီရာသီမှာ ဘုန်းမောက်ဟာ အိမ်ကွင်း (၆)ပွဲကစားပြီးချိန်ထိ ရှုံးပွဲမရှိသေးပဲ လေးပွဲနိုင်ကာ နှစ်ပွဲသရေကျထားပါတယ်။

- နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် (၃)ပွဲမှာ ဘုန်းမောက်က ပေးဂိုးလုံးဝမရှိသေးတာကို တွေ့ရပါတယ်။

Photo : 101 Great Goal

 

- မန်ယူကတော့ ဘုန်းမောက်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး (၂)ပွဲလုံးကို အနိုင်ရထားပြီး အဲဒီနှစ်ပွဲမှာ (၅)ဂိုးအထိ သွင်းခဲ့ပါတယ်။

- မန်ယူဟာ ပရီးမီးယားလိဂ်နောက်ဆုံးအဝေးကွင်း (၇)ပွဲမှာ နိုင်ပွဲ (၂)ပွဲသာ ရှိခဲ့ပြီး (၃)ပွဲအထိ ရှုံးထားပါတယ်။

- ဒီရာသီမှာ မန်ယူက ပေးဂိုး (၁၇)ဂိုးအထိ ရှိခဲ့ပြီး ပေးဂိုးမရှိတဲ့ပွဲ (၁)ပွဲဉာ ပိုင်ဆိုင်ခဲ့ပါတယ်။

Photo : 101 Great Goal

 

- မန်ယူတိုက်စစ်မှူး မာရှယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲမှာ (၄)ဂိုး သွင်းနိုင်ခဲ့ပါတယ်။

- မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ မော်ရင်ဟိုလက်အောက်မှာ အသင်းအတွက် ကိုယ်တိုင် ဂိုး (၂၀) သွင်းယူခဲ့ပြီး (၂၂)ကြိမ်အထိ ဖန်တီးပေးထားပါတယ်။

- ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်ကတော့ ဒီရာသီမှာ အသင်းအတွက် (၅)ဂိုးသွင်းပေးထားပြီး (၄)ကြိမ်ဖန်တီးပေးထားပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

 
 

ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

 

အဲဗာတန်နဲ့ပွဲမှာ မန်ယူက အနိုင်ရခဲ့ပါတယ်။ သူတို့နဲ့ ကစားရတာက အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ သရေကျမယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဘုန်းမောက်ကိုလည်း လျှော့တွက်လို့မရပါဘူး။ သူတို့ရဲ့ ဒီရာသီကစားပုံက တကယ်ကောင်းမွန်နေတာပါ။ ယူနိုက်တက်က အဝေးကွင်းပွဲတွေမှာ တစ်ခါတလေခြေစွမ်းကောင်းမွန်ပါတယ်။ ဒါပေမယ့် ဘုန်းမောက်က လမ်းကြောင်းမှန်ပေါ်ကို ရောက်နေတဲ့အသင်းပါ။ တစ်ဖက်ကို ၂ဂိုးစီ သရေသွားမယ်လို့ ထင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က