လီဗာပူးကိုအနိုင်ယူနိုင်ဖို့ ချန်ပီယံတစ်ယောက်လို သဘောထားပြီး ကစားဖို့လိုပါတယ်။

ပရီးမီးယားလိဂ်ပွဲ သုံးသပ်သူ မာတင်ကီအွန်က အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံစိတ်မွေးပြီး ကစားပါမှ လီဗာပူးကို အနိုင်ရဖို့ ဖြစ်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။



 

အာဆင်နယ်အသင်းကတော့ ဒီကနေ့ ညမှာ ပရီးမီးယားလိဂ် အဓိက ပြိုင်ပွဲ လီဗာပူးအသင်းနဲ့ ကစားရဖို့ရှိနေပြီး ပွဲကြို သုံးသပ်ချက်အနေနဲ့ ပရီး မီးယားလိဂ်ရဲ့ အားကစား သုံးသပ်သူ မာတင် ကီအွန်က ပြောလာပါတယ်။

မန်ချက်စတာဒါဘီပွဲကို လွဲချော်သွားခဲ့ပြီ ဖြစ်တဲ့ ကီဗင်ဒီဘရိုင်း 

ကီအွန်ရဲ့ ပြောကြားချက်မှာတော့ အာဆင်နယ်အသင်းက တာတိုအပြေးချန်ပီယံ အူစိန်ဘော့နဲ့တူပါတယ်။ အူစိန်ဘော့အနေနဲ့ ပြိုင်ပွဲစတင်ချိန် မှာ အရှိန်ကို အရမ်းမတင်သေးပဲ နောက်မှ တစ်ဖြည်းဖြည်း မြန်မြန်လာပြီး အောင်ပွဲခံံသွားတာမျိုးပါ။အခုလည်း အာဆင်နယ်အသင်းအနေနဲ့ အူ စိန်ဘော့နဲ့ အလားသဏ္ဍာန်တူတယ်လို့ ဆိုလာခဲ့ပါတယ်။

 

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်မှာ ပထမပိုင်းကစားချိန်အတွင်း ပြိုင်ဖက်အသင်းတွေကို ကောင်းကောင်း အနိုင်မရပေမယ့်လည်း ဒုတိယပိုင်းမှာဆိုရင် သွင်းဂိုးတွေ များများစားစားမြင်တွေ့ရလေ့ရှိပြီး အနိုင်ရယူနေတာပါ။

ဒီအခြေအနေမှာတော့ မာတင်ကီအွန်က အခုချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ အဆင့် ၁၇ လောက် ရောက်နေရင်တောင် လီဗာပူး အသင်း သတိထားရမှာက အာဆင်နယ်ကွင်းမှာ ကစားရမယ်ဆိုတာပါပဲလို့လည်း သတိပေးထားပါသေးတယ်။

 

လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလာအနေနဲ့ အာဆင်နယ်နဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး ၃ ကြိမ်မှာ ဂိုးသွင်းထားတယ်ဆိုပေမယ့်လည်း အခု လက်ရှိ စာရင်းဇယားအရဆိုရင်တော့ ဖေဖော်ဝါရီလကတည်းက စပြီး အခုချိန်ထိ အူဘာမီယန်းက ဆာလာထက် သွင်းဂိုး တစ်ဂိုး ပိုများပါတယ်။

အခြားတစ်ဖက်မှာလည်း အာဆင်နယ်အသင်းက အဖွင့်ပွဲ ၂ ပွဲမှာ မန်စီးတီးနဲ့ ချဲလ်ဆီးကို ရှုံးပြီးကတည်းက ပြိုင်ပွဲစုံ ရှုံးပွဲမရှိတော့ပဲ ၁၁ပွဲဆက်တိုက် နိုင်ပြီး နောက်ဆုံး ပဲလေ့စ်နဲ့ပွဲမှာ ၂ဂိုးစီသရေကစားထားပါတယ်။

ဆက်လက်ပြီး ကီအွန်က လီဗာပူးအသင်းမှာ အရမ်းမြန်တဲ့ နောက်ခံလူတွေ ဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂျိုး ဂိုးမက်စ် ရှိတာမှန်ပေမယ့်လည်း အူဘာမီယန်း ကို ထိန်းချုပ်ဖို့တော့ ခက်ခဲမှာ အမှန်ပဲလို့ သုံးသပ်ထားပါသေးတယ်။

နောက်ဆုံးအနေနဲ့ကတော့ အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးအသင်းကို အနိုင်လိုချင်ပါက ပုံမှန်ကစားတာမျိုး မဟုတ်ပဲ မိမိကိုယ်မိမိ ချန်ပီယံ တစ်ယောက်လို့ ခံယူပြီး ကစားဖို့လိုအပ်တယ်လို့လည်း ကီအွန်က သတိပေး မှတ်ချက်ပြုခဲ့ပါသေးတယ်။

အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလဂ် ပွဲစဉ်ကိုတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၂ နာရီတိတိမှာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီးမရိတ်ကွင်းမှာ ယှဉ်ပြိုင်ကစားစေမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က