ယမန်နေ့ညက အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့တိုက်စစ်ကို လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဂျိမ်းစ်မီလ်နာရဲ့ဒုတိယပိုင်းအဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးဖို့ ၁၀ မိနစ်ခန့်အလိုမှာ လာကာဇက်က အာဆင်နယ်အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Photos: Metro
လီဗာပူးအသင်းဟာ ဆာဒီယိုမာနေးရဲ့ဂိုးသွင်းယူမှုကို အငြင်းပွားဖွယ် လူကျွံဘောသတ်မှတ်မှုနဲ့ ဗန်ဒိုက်ရဲ့ ပထမပိုင်း ဂိုးတိုင်ထိမှုတွေကြောင့် ဂိုးရရှိဖို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒုတိယပိုင်း ၆၁ မိနစ်မှာ ဂျိမ်းစ်မီလ်နာရဲ့ သွင်းဂိုးနဲ့ အိမ်ရှင်အာဆင်နယ်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် လာကာဇက်က အာဆင်နယ်အသင်းအတွက် ၈၂ မိနစ်မှာ ချေပဂိုးကို ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို
အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီဟာ တိုက်စစ်မှာ လာကာဇက်ကို အထောင်ထားပြီး မစ်ခီတာယန်၊ အိုဇေးလ်၊ အူဘာမီယန်းတို့ကို ကွင်းလယ်တိုက်စစ်အဖြစ် ကစားစေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒန်နီဝဲလ်ဘတ်နဲ့ ဖန်တီးမှုအားကောင်းတဲ့ ရမ်ဆေးတို့ကို ထည့်သွင်းပြီး နောက်ထပ် တိုက်စစ်အတွဲကို ခင်းကျင်းပြသခဲ့တာဖြစ်ပါတယ်။
Photos: Metro
"အာဆင်နယ်အသင်းဟာ သူတို့ရဲ့တိုက်စစ်မှူးအားလုံးကို ခေါ်ဆောင်လာခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်က ဗန်ပါစီနဲ့ ဘားကမ့်ကို စောင့်နေတာပါ"လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဟာသလုပ်ခဲ့ပါတယ်။
"တိုက်စစ်က အရမ်းပြင်းထန်ပါတယ်။ တော်တော့်ကို ပြင်းထန်ပါတယ်။ အာဆင်နယ်အသင်းဟာ အရမ်းကောင်းမွန်တဲ့အချိန်မှာရှိနေတယ်ဆိုတာ ရှင်းပါတယ်"
"ပထပိုင်းမှာ ကျွန်တော်တို့က သူတို့ရဲ့ဘဝကို နည်းနည်းလွယ်ကူအောင် လုပ်ပေးခဲ့ပါတယ်။ ကစားကွက်ဖွဲ့စည်းပုံအရ ကျွန်တော်တို့ အကျိုးသက်ရောက်မှု ဘယ်လိုမျိုးရှိခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် မပျော်မရွှင်ဖြစ်မိပါတယ်"
"ကျွန်တော်တို့ ဘောလုံးရနေတဲ့အချိန်မှာ အဲဒါက ကောင်းပါတယ်။ ကျွန်တော်တို့ ခြိမ်းခြောက်ခံနေရတဲ့အချိန်မှာတော့ နောက်မှာရောက်သွားပါပြီ"
"အစကတော့ 'အာဆင်နယ်က တိုက်စစ်ဆင်နေပြီ'ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပထမဆုံး တိုက်စစ်ဆင်ခွင့်ကို ရရှိခဲ့ပါတယ်။ အားလုံးလည်း သိကြပါတယ်။ 'ကောင်းပါပြီ။ သူတို့လည်း မဆိုးပါဘူးလေ'ပေါ့"
"အဲဒါက အရမ်းကို ကောင်းမွန်တဲ့ ပွဲစဉ်အဖွင့်ပြီးနောက်မှာပေါ့"လို့ပြောကြားခဲ့ပါတယ်။
Share