ဈေးကွက်မှာ refur လို့ခေါ်နေကြတဲ့ Apple ရဲ့ ထောက်ခံချက်ပါ iPhone 8/8 Plus တွေကို US က အွန်လိုင်းစတိုးတွေမှာ ဈေးအသစ်နဲ့ရောင်းချနေပြီ ဖြစ်ပါတယ်။
Photo: Apple Insider
refur ဗားရှင်း 64GB မော်ဒယ် iPhone 8 တစ်လုံးရဲ့ ဈေးနှုန်းကတော့ ၄၉၉ ဒေါ်လာဈေးဖြစ်လို့မူလရောင်းဈေးထက် ဒေါ်လာ ၁၀၀ ဈေးသက်သာနေပါတယ်။ Plus မော်ဒယ်မှာလည်း ဒေါ်လာ ၁၀၀ ဈေးချထားပြီး ၅၉၉ ဒေါ်လာဈေးနဲ့ရောင်းချနေတာပါ။
iPhone သစ်တွေ ဈေးကွက်ထဲ ဝင်လာပြီ ဖြစ်လို့Apple အနေနဲ့၂၀၁၇ မော်ဒယ် iPhone ဟောင်းတွေကို အခုလို discount နဲ့ရောင်းချလာတာ ဖြစ်ပါတယ်။ လောလောဆယ် ၂၀၁၈ ဗားရှင်း home button ပျောက် iPhone သစ်တွေဖြစ်တဲ့ iPhone XR ၊ iPhone XS နဲ့iPhone XS Max တို့ကို နိုင်ငံတကာ ဈေးကွက်မှာ ဖြန့်ချိထားပါတယ်။
Apple Store တွေပေါ် ရောက်လာတဲ့ ဒီ refur ဗားရှင်းတွေဟာ ဘက်ထရီအသစ်စက်စက် နဲ့လာတာ ဖြစ်ပြီး Apple ကို စမ်းသပ်ပြီးသား ထောက်ခံချက်ရ ဖုန်းသစ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဖုန်းတွေဟာ ဝယ်ယူတဲ့နေ့ကနေ စပြီး တစ်နှစ် warranty ပါမှာပါ။ ဒါ့အပြင် original accessory တွေလည်း ဗူးနဲ့တစ်ခါတည်း လာမှာ ဖြစ်ပါတယ်။
refur ဗားရှင်းတွေဟာ အရေအတွက် အကန့်အသတ်နဲ့လာပါတယ်။ iPhone သစ် မိတ်ဆက်တိုင်း သူ့အရင်တစ်နှစ်က ထွက်ထားတဲ့ iPhone တွေကို refur ဗားရှင်းအဖြစ် မိတ်ဆက်တာက Apple ရဲ့ အစဉ်အလာပါ။ iPhone 8 ဖြန့်ချိပြီးချိန်မှာလည်း iPhone 7 တွေကို မူရင်းထက် ဒေါ်လာ ၁၅၀ ဈေးချပြီး refur အဖြစ် ရောင်းချခဲ့ပါတယ်။
Photo: Mac Rumors
iPhone 8 နဲ့8 Plus တို့ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလထဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး TouchID home button ပါရှိပြီး wireless charging အတွက် glass body နဲ့လာတာပါ။ processor ကိုတော့ A11 Bionic chip နဲ့ထုတ်ထားတာ ဖြစ်ပြီး home button ကို နောက်ဆုံးအဖြစ် သုံးသွားတဲ့ iPhone တွေလည်း ဖြစ်ပါတယ်။