ရွှေဆွဲပြားနဲ့ စိန်နားကပ်တွေ မဲဖောက်ပေးခဲ့ပါတယ်။

အဆိုတော် ရတနာမိုင် တို့ရဲ့ ကထိန်အလှူ ကတော့ တကယ်ကို ပျော်စရာကောင်းတဲ့ အလှူလေးဖြစ်ခဲ့ပါတယ်။ အလှူကို လာ ရောက်ကြတဲ့ ပရိသတ်တွေအတွက် ရွှေဆွဲပြားနဲ့ စိန်နားကပ် တွေကိုလည်း မဲဖောက်ပေးခဲ့သေးတယ်လို့ သိရပါတယ်။

Photo: ရတနာမိုင် ဖေ့စ်ဘွတ်


အဆိုတော် ရတနာမိုင်တို့ မိသားစုဟာ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့မှာရှိတဲ့ မင်္ဂလာဂန္ဓာရုံ ချမ်းမြေ့ရိပ်သာကျောင်းမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

'' မော်လမြိုင်မြို့ မင်္ဂလာဂန္ဓာရုံ ချမ်းမြေ့ ရိပ်သာ ကျောင်းတွင် တည်ထားကိုးကွယ်ထားသော အနန္တမေတ္တာ မဟာမုနိဆုတောင်းပြည့် ရုပ်ပွား တော် မြတ်ကြီးအားမိုင်လေးရဲ့မိဘနှစ်ပါးနဲ့မိုင်လေးကိုအားပေးတဲ့ပရိသတ်များအားအမှူးထားသော မတည်အလှူရှင် ရေစက်ချအလှူတော် မင်္ဂလာ နှင့် ၇ ရက်သားသမီးများရဲ့ကထိန်အလှှုတော်မင်္ဂလာ'' လို့ ဆိုပါတယ်။

Photo: ရတနာမိုင် ဖေ့စ်ဘွတ်


အဲ့ဒီနောက် အလှူကို လာရောက်အားပေးကြတဲ့ ၇ ရက်သားသမီး ပရိသတ်တွေတိုင်းကိုလည်း ရွှေဆွဲပြားနဲ့ စိန်နားကပ်တွေ မဲဖောက်ပေးခဲ့ သေးတယ်လို့ ဆက်လက်ပြောပြထားပါတယ်။ မိုင်လေး တို့ မိသားစုတွေကရော၊ ပရိသတ်တွေကရော အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ နေ့လေး တစ်နေ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

''ပရိသတ်များရဲ့အားပေးလို့ရလာတဲ့ ချွေးနဲစာနဲ့ အလှူပွဲလာ ဧည့်သည်များအား ရွှေဆွဲပြားများနဲ့ စိန်နားကပ် အား ကံစမ်းမဲဖောက် ပေးခဲ့ပါတယ် ၇ ရက်သားသမီးများ နတ်လူသာဓုခေါ်စေသော်ဝ် အမျှ အမျှ အမျှ အမျှ'' ဆိုပြီးတော့ နိုဝင်ဘာလ 4 ရက်နေ့ နေ့လည် ၁၂ နာရီ ၁၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ရတနာမိုင်ဖေ့စ်ဘွတ်


ရတနာမိုင်ကတော့ မိခင်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မိခင်ဖြစ်သူ မိုင်ရဲ့ သီချင်းကောင်းတွေကို ရွေးချယ်ပြီး သားအမိနှစ်ယောက်ပေါင်းပြီး ပရိသတ်တွေအတွက် Two Lady Show ပွဲကျင်းပပြုလုပ်ဖို့ စီစဉ်နေပြီလို့ Duwun Media ကနေတဆင့် သီးသန့် ပြောပြခဲ့ဖူးပါတယ်။ ရတနာ မိုင်ဟာ လက်ရှိမှာတော့ မိုင်လေး အင်တာတိန့်မန့်ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က