ပြေး ၄ ပြေးများဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

YBS ပေါ်က ခါးပိုက်နှိုက် ၃ ဦးကို ခရီးသည်အသွင်ယူပြီး ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ နိုဝင်ဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

၁၃၃.jpg 

ပြေး ၄ ပြေးများဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတာဖြစ်ပြီးတော့  YB S တွေပေါ်မှာရဲတပ်ဖွဲ့ဝင်တွေက ခရီးသည်အသွင်နဲ့ စီးနင်းပြီးဖမ်းဆီးဖို့ လုပ်ဆောင်နေရာကနေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

သာကေတမြို့နယ် သပြေရိပ်ကားမှတ်တိုင်မှာ ယာဉ်လိုင်းအမှတ် ၇၆ ကနေဆင်းလာတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းက မျိုးအောင် (၄၀)နှစ်၊ အောင်အောင် ၂၇ နှစ်နဲ့ ၁၀၅ ရပ်ကွက်မှာနေထိုင်တဲ့ ဝင်းနိုင်ထွန်းတို့ဆီကနေ လက်ကိုင်ဖုန်း တစ်လုံးနဲ့ ငွေကျပ် နှစ်သောင်းကျော်တို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ိ

ယာဉ်လိုင်းကို သာကေတအဝိုင်းမှတ်တိုင်ကနေ စတင်စီးနင်းလာခဲ့ပြီးတော့ ယာဉ်ပေါ်ပါတဲ့ အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး လွယ်ထားတတဲ့ ဆလင်းဘတ်အိတ်ကို နှိုက်ယူဖို့အတွက် အဖွဲ့ပါ လူနှစ်ဦးကနေ အကာအကွယ်ပြုပြီးတော့ မျိုးအောင် (ခ) တရုတ်လေးက ဇစ်ဖွင့်ပြီးတော့ လက်ကိုင်ဖုန်းနဲ့ ငွေတွေကို နှိုက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးထားပြီးတော့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြေး ၄ ပြေး ဖမ်းဆိးရမိရေးအစီအမံနဲ့ ဖမ်းဆီးရမိလို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က