နှစ်ဖက်မိဘတွေက သဘောတူခဲ့ပါတယ်။

အင်တာနက် က တဆင့်ချစ်ကြိုက်ပြီး လိင်တူ အမျိုးသမီးချင်း မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း လက်ထပ်တဲ့ မင်္ဂလာဆောင်တခုကို ပြည်မြို့နယ်မှာ နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။



 

Photo - Min Nyo





ဒီမင်္ဂလာဆောင်ပွဲဟာ တရားရုံးမှာလက်မှတ်ထိုးယူတဲ့ ပုံစံမဟုတ်ဘဲ မြန်မာ့ဓလေ့ထုံးတန်းအစဉ်အလာ အတိုင်း ဘိတ်သိပ်မြှောက်ပြီးကျင်းပခဲ့တာဖြစ်တဲ့ အတွက် မြန်မာ့ထုံးတမ်းစဉ်လာဥပဒေအရ တရားဝင်ဖြစ်ပါတယ်။



ပြည်မြို့၊ ဆံတော်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် LGBT တစ်ယောက်ဖြစ်တဲ့ မောင်ကိုအေးဟာ Facebook လူမှုကွန်ရက်ပေါ်ကနေ အသက် ၁၉ နှစ်အရွယ် မသီတာအေးနဲ့ချစ်ကြိုက်ခဲ့ပြီး တစ်နှစ်အကြာမှာ ခိုးပြေးခဲ့ပါတယ်။

Photo - Min Nyo

ပထမပိုင်းမှာ မိဘတွေကို စည်းရုံးပြီးပြောခဲ့ရတာ အရမ်းခက်ခဲပြီး ဒီကြားထဲမှာ သူတို့ ၂ ယောက်ခိုးပြေးခဲ့ကြပြီး နောက် မိန်းကလေးရှင်ဘက်က သဘောတူတာကြောင့် မင်္ဂလာဆောင်နိုင်ခဲ့တာလို့ သတို့သား မောင်ကိုအေးကပြောပါတယ်။

အဲ့ဒီနောက် နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုနဲ့နေရပ်ကိုပြန်ပြီး မြန်မာ့ထုံးတမ်းစဉ်လာအတိုင်းလက်ထပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က