တိုင်ကြားသူတွေကို ဖုန်းဘေလ်ဖြည့်ပေးမယ်လို့ ဆိုပါတယ်။

စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းတွေ၊ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲရာမှာ မတရားမှုတွေ၊ မကျေနပ်ချက်တွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ အွန်လိုင်းကတစ်ဆင့်တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂက နေ နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

 

45434317_320313865430300_5207607091455328256_n.jpg

Photo - Women Health

 

မတရားမှုတွေ၊မကျေနပ်ချက်တွေကြုံတွေ့ရပါက ဖော်ထုတ်တိုင်ကြားခြင်းအားဖြင့် စားသုံးသူရပိုင်ခွင့်တွေကို ရရှိရုံမျှမကဘဲ မတရားမှုတွေထပ်မဖြစ်ဖို့ (ဒါမှမဟုတ်) တခြားသူတွေ မိမိလို မခံရစေဖို့ ကာကွယ်တဲ့အနေနဲ့ ဒီလို တိုင်ကြားဖို့ ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ကုန်ပစ္စည်းတွေနဲ့ ပါတ်သတ်ပြီးတော့ ဝန်ဆောင်မှုတွေရရှိဖို့အတွက် ရည်ရွယ်ပြီးတော့ မြန်မာစားသုံးသူများ သမဂ္ဂကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်နေ့အတွင်း အွန်လိုင်းကနေ တစ်ဆင့် အထောက်အထားနဲ့ တိုင်ကြားသူတွေကိုလည်း ဖုန်းဘေလ် ၃၀၀၀ ကျပ်စီပြန်လည်ဖြည့်သွင်းပေးသွားမယ်လို့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အွန်လိုင်းကနေတစ်ဆင့်တိုင်ကြားဖို့ကိုတော့ http://www.myanmarconsumersunion.org/…/consumer-complaint-…/  ကတစ်ဆင့်တိုင်ကြားနိုင်တယ်လို့ သိရပါတယ် ။

တိုင်ကြားရာမှာ ဝက်ဘ်ဆိုဒ် ဒါမှမဟုတ် မိုဘိုင်းကနေ တစ်ဆင့်လည်း တိုင်ကြားနိုင်တာဖြစ်ပြီးတော့ ပုဂ္ဂလိကကဏ္ဍကနေ တစ်ဦးချင်းလုပ်ဆောင်နေတဲ့ဆောင်ရွက်နေသူတွေ၊ လုပ်ငန်းနဲ့ပါတ်သတ်တဲ့ တိုင်ကြားမှုတွေနဲ့ စီးပွားရေးလုပ်ငန်းအလို့ငှာရည်ရွယ်နေတဲ့ ကုန်စည်ဝန်ဆောင်မှုတို့ပါဝင်တဲ့ုလုပ်ငန်း တိုင်ကြားမှုတွေကိုတော့ ဖြေရှင်းဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

အရည်အသွေးညံံ့ထုတ်ကုန်တွေ၊ ဘေးမကင်းတဲ့အစားအစာ၊ဆေးဝါးတွေနဲ့ ဝန်ဆောင်မှုနိမ့်ကျလာတာတွေက စားသုံးသူတွေနဲ့ ပြည်သူကို ဆိုးဝါးတဲ့ သက်ရောက်မှုရှိနေတာကြောင့် မြန်မာစားသုံးသူများသမဂ္ဂကို ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က