တကယ်ကို ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေပါ။

အဆိုတော် Waiလျှံက အစ်ကိုတစ်ယောက်လို၊ ဆရာတစ်ယောက်လိုဖြစ်နေတဲ့ အဆိုတော် ဟဲလေးကို သွားရောက်ဂါရဝပြုခဲ့ တယ်လို့ သိရပါ တယ်။ လက်ရှိမှာတော့ သူတို့ နှစ်ယောက်စလုံးက ဖျော်ဖြေရေးပွဲတွေမှာလည်း ပါဝင်သီဆိုနေတာကို တွေ့ရ ပါတယ်။

Photo: ဝီလျှံဖေ့စ်ဘွတ်

 

အဆိုတော် Waiလျှံတို့ မိသားစုလေးဟာ အစ်ကိုတစ်ယောက်လို၊ ဆရာတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ အဆိုတော် ဟဲလေး တို့ ဇနီးမောင် နှံကို သွားရောက် ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။ သူတို့ မိသားစုလေးတွေရဲ့ တစ်ရင်းတနှီးရှိလှတဲ့ ပုံရိပ်လေးတွေဟာလည်း အရမ်းကို ကြည် နူးဖို့ကောင်းပါတယ်။

'' ဆရာလိုတစ်မျိုး အကိုလိုတစ်မျိုး ချစ်ခင်ရပါသော အိုးဆာဗစ် ပြည်သူ့အချစ်တော် ဒယ်ဒီ ဟဲ ကို ဂါရဝါပြု မှည့်စဉ် အမှတ်တရ ချစ်တူ လေး နှစ်ယောက် အတွက် မုန့်ဖိုးများပေးလို့ ကျေးဇူးပါ ချစ်ကိုကြီး'' ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့ ည ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဝီလျှံဖေ့စ်ဘွတ်

သားလေးတွေရဲ့ စိတ်နဲ့အလုပ်တွေကြိုးစားချင်လာတဲ့ ဝီလျှံ 

အဆိုတော်၊ သရုပ်ဆောင် Waiလျှံနဲ့ သူ့ရဲ့ ဇနီးတို့ကတော့ အောက်တိုဘာလ ၂၂ ရက်နေ့က အမြွှာရင်သွေး သားရတနာလေးတွေကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဝီလျှံက ဖခင်တစ်ယောက်ဖြစ်တဲ့အတွက် သားလေးတွေအတွက်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေပိုလုပ်ချင် လာတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: ဝီလျှံဖေ့စ်ဘွတ်

 

အဆိုတော် ဟဲလေးဟာ ယခုနောက်ပိုင်းရှိုးပွဲတွေသွားနေရသလို မကြာသေးခင်က သူ့ရဲ့ "မှည့်" သီချင်းဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့ တဲ့ သီချင်းဖြစ်ပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ အဆိုတော်ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။

Photo: ဝီလျှံဖေ့စ်ဘွတ်

 

Wai လျှံ ဟာ လက်ရှိမှာတော့ ဖျော်ဖြေရေးပွဲတွေ သီဆိုနေရတာကို တွေ့ရပါတယ်။ အဲ့ဒါအပြင် သရုပ်ဆောင်ပိုင်းမှာလည်း ရုပ်ရှင် ဇာတ်ကားကြီး တွေရိုက်ကူးထားတာတွေရှိတယ်လို့ သိရပါတယ်။ သူ ဟာ လက်ရှိမှာတော့ ဖရန့် နဲ့ ထရန့် ဆိုတဲ့ အမြွှာသားလေး နှစ် ယောက်ကို ပိုင်ဆိုင်ထား တဲ့ဖေဖေ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က