ဆိုင်ကယ်ပေါ်ထားတဲ့ ငွေတွေကို လုယူခံခဲ့ရတာဖြစ်ပါတယ်။

မန္တလေးက ၁၉ လမ်းနဲ့ ၆၂ လမ်းထောင့်မှာ ငွေ ၁၉ သိန်းလုယူခံရမှု နိုဝင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ငွေကျပ် ၁၉ သိန်းကို ကမ္ဘောဇဘဏ်ကနေ ငွေလွှဲထုတ်ယူပြီးတဲ့အချိန်မှာ ဆန်ဆိုင်မှာ ဆန်သွားဝယ်နေစဉ် ဆိုင်ကယ်ပေါ်ထားတဲ့ ငွေတွေကို လုယူခံခဲ့ရတာဖြစ်ပါတယ်။



 

“အချိန်ကတကယ်သုံးမိနစ်အတွင်းမှာ အမေ့အတွက်ဆေးဝယ်ဖို့ိုဆိုပြီး ငွေထုတ်လာတယ်။ထုတ်လာပြီးတဲ့ ဟာကို ဆိုင်ကယ်မှာခဏတင်ထားတဲ့အချိန်မှာ လူသုံးယောက်က ထုတ်သွားတာ။ ဘေးကလူတွေလည်းမြင်တော့ ဘာလို့ မတားတာလဲဆိုတော့ သူတို့က ဆိုင်ကယ်ကို ဘေးဘက်ကနေ လာကပ်နေတော့ တူတူပဲထင်လို့ ဆိုပြီးပြောတယ် ” လို့ အလုယူခံရသူ မဆုသီရိစံက Duwun ကိုပြောပါတယ်။

၆၃၊ ၁၉ လမ်းနဲ့ ၂၀ လမ်း ကြားက ဒင်္ဂါးဆန်ဆိုင်မှာ ဆန်ဝယ်နေချိန်မှာ အခုလို အလုယူခံရတာဖြစ်ပြီးတော့ ဆိုင်ကယ် Tool box ကိုတော့ ပိတ်ထားတယ်လို့ ပြောပါတယ်။

ကျူးလွန်သူ ၃ ဦးကိုတော့ လက်ရှိမှာ ရဲစခန်းကို တိုင်ကြားထားတာဖြစ်ပြီးတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာမျိူး သတင်းပေးတာမျိုးတွေမရှိသေးဘူးလို့တော့ ကာယကံရှင်ဖြစ်သူကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က