ရွှေထူးကို စနောက်ခဲ့တာဖြစ်ပါတယ်။

အဆိုတော် ဝိုင်းစုခိုင်သိန်းက မကြာခင် မင်္ဂလာပွဲဆင်နွှဲတော့မယ့် ရွှေထူးနဲ့ ရွှေမှုန်ရတီအတွက် ဝမ်းသာပီတိစကားပြောပြ ခဲ့ပါတယ်။ လူနှစ် ယောက် တစ်သက်လုံး ပေါင်းစပ်ဖို့က ကိုယ်ကိုယ်တိုင်ပဲ ရွေးရမှာပါလို့လည်း ဆက်လက်ပြောပြထားပါတယ်။

 

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ မင်္ဂလာဆောင်ကြမယ့် အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုန်ရတီ တို့အတွက် အမှတ်တရ စကားကိုတော့ ဝိုင်းစုခိုင်သိန်းက ပြောပြခဲ့ပါတယ်။ တကယ်ချစ်လို့ လက်ထပ်ကြတဲ့ အပေါ်မှာလည်း ဝမ်းသာပီတိဖြစ်မိတယ်လို့ Duwun media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' သူတို့ နှစ်ယောက်စလုံးကိုလည်း ချစ်တယ်။ တကယ်ချစ်တဲ့ သူအချင်းချင်း လက်တွဲကြတာဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ရွှေမှုန် ကတော့ နည်းနည်း ငယ်သေးတော့ နှမြောတာပေါ့နော်။ ရွှေထူး စိတ်ဆိုးသွားမလား မသိဘူး၊ နှစ်ယောက် စလုံးကို သဘောတူပါတယ်'' ဆိုပြီးတော့ ရယ်ရယ်မောမော နဲ့ ပြောပြလာတာဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ရဲ့ မင်္ဂလာ သတင်းအပေါ် အားပေးတဲ့ သူတွေရှိသလို ဝေဖန်ပြောဆိုနေကြသူတွေလည်း ရှိတာကို တွေ့ရပါတယ်။ ဒီ့အတွက် ဝိုင်းစုခိုင်သိန်းက ရွှေထူးနဲ့ ရွှေမှုန်ရတီတို့အတွက် အားပေးစကားကို နိုဝင်ဘာလ ၄ ရက်နေ့က Vivo Showroom ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' အဓိက ကလေ လူနှစ်ယောက်တစ်သက်လုံး ပေါင်းစပ်ဖို့က ကိုယ်ကိုယ်တိုင်ပဲ ရွေးရမှာ။ ကိုယ့်ဆီမှာ ရှိနေတဲ့ အခက်အခဲ၊ ဒုက္ခတွေ၊ ခံစားမှု တွေကို တစ်ပါးသူကြောင့် ပြောင်းလဲပေးစရာမလိုဘူး။ ဒီအချိန်မှာ အဆင်မပြေဘူးဆိုတာကို ရဲရဲဝံ့ဝံ့ ရပ်ချနိုင်ပြီးတော့ ကိုယ်အဆင်ပြေတဲ့ လမ်းကို ရဲရဲဝံ့ဝံ့ လျှောက်ရမယ်။ နောက် ၅ နှစ်နေပြီးမှ ဒီလိုအခြေအနေတွေကို ပြန်ကြည့်လိုက်ရင် အလကားပဲ'' လို့ ဆိုပါတယ်။

Photo: ဝိုင်းစု ဖေ့စ်ဘွတ်

 

ဝိုင်းစုခိုင်သိန်းအနေနဲ့ ကိုယ်မှန်တယ်ထင်တဲ့ လမ်းကြောင်းအပေါ် ရွေးချယ်ပြီးဆက်လက် လျှောက်လှမ်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ အဓိက ကျတယ် လို့လည်း ဆက်လက်ပြောပြထားပါတယ်။

'' ဒီဥစ္စာကို လုပ်မယ်၊ လုပ်လိုက်လို့ မှားသွားရင်ရော ငါခံနိုင်ရည်ရှိမလား၊ မရှိဘူးလားပေါ့။ မရှိဘူးဆို မလုပ်ဘူး။ ရှိတယ်ဆို လုပ်တယ်။ အကယ်၍ ရှိလို့ မှားသွားရင်လည်း ရတယ်။ သူများတွေ ရွေးချယ်မှုကြောင့် သူများပြောလို့ ဆိုတဲ့ အရာက ကျတော့ ကိုယ်ကိုယ်တိုင် ရွေးချယ် ထားတာ မဟုတ်ပဲ နဲ့ နှစ်ခါ ရှုံးတယ်'' လို့ သူကဆိုပါတယ်။

Photo: ဝိုင်းစု ဖေ့စ်ဘွတ်

 

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ၂၀၁၇ခုနှစ်ထဲမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။

 

Share

Loading Next Article...
က္က