ကြော်ငြာတွေရိုက်ကူးဖြစ်နေတဲ့ သူ့ကို ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်တွေ့ချင်နေကြပါတယ်။
Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်က လက်ရှိမှာ ပွဲတွေ တော်တော်များများတက်ဖြစ်နေပြီး သူ့ရဲ့ တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခွေအတွက် ပြင်ဆင်နေရင်း ကြော်ငြာတွေရိုက်ကူးဖြစ်နေတဲ့ သူ့ကို ပရိသတ်တွေက သရုပ် ဆောင် တစ်ယောက်အဖြစ် မြင်တွေ့ချင်နေကြပါတယ်။ ဖြိုးမြတ်အောင် အနေနဲ့ကလည်း သူကျွမ်းကျင်တဲ့ သီချင်းပိုင်းကို ပိုပြီး အားစိုက် လုပ်ချင်ကြောင်း ယခုလို ပြောပြခဲ့ပါတယ်။
"သရုပ်ဆောင် လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူ။ ကြော်ငြာလေးတွေကတော့ ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်နေ တာပါ။ ရုပ်ရှင်သရုပ်ဆောင် လုပ်ဖို့ကတော့ ကျွန်တော့် အနေအထားနဲ့ ဖြစ်မှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်က သီချင်းဆိုတဲ့ သူတစ် ယောက်ဆိုတော့ သီချင်းပဲ ဆိုမှာပါ။ ကမ်းလှမ်းလာခဲ့ရင်လည်း သရုပ်ဆောင် မလုပ်ပါဘူး။ကိုယ်ဆိုတဲ့ အပိုင်းကိုမှ ကိုယ်မရောက်သေးဘူးလေ။ ကြိုးစားရဦးမယ်။ သရုပ်ဆောင်ဘက်ကူးပြီးဆိုရင် ကျွန်တော့်မှာ ဟိုမရောက်ဒီမရောက်နဲ့ အလယ်မှာ မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေ မှာပေ့ါ" လို့ နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ စိန်နန်းတော် ကမ်းစမ်းမဲနှိုက်ပွဲမှာ ဖြိုးမြတ်အောင်က မီဒီယာတွေကို ဖြေဆိုပေး ခဲ့တာပါ။
ငယ်ငယ်ကတည်းက သီချင်းဆိုတဲ့ အပိုင်းကို ငယ်ငယ်ကတည်းက ဖြတ်သန်းလာခဲ့တဲ့ သူ့အတွက် သရုပ်ဆောင် လုပ်ရတာ တော်တော်ကို ခက်ခဲတယ်လို့ ဆိုပါတယ်။ ကြော်ငြာတွေ ရိုက်ကူးတဲ့ အချိန်မှာတောင် မနည်းကြိုးစားပြီး ရိုက်ကူးရတာဖြစ်တယ်လို့ သူက ပြောပါတယ်။
"သရုပ်ဆောင်တဲ့အပိုင်းက မလွယ်ဘူးဗျ။ ကျွန်တော်တို့ကျတော့ သီချင်းဆိုတဲ့ အပိုင်းကို ငယ်ငယ်ကတည်းက ဖြတ်သန်းလာခဲ့တာ။ ဒီသရုပ်ဆောင်တဲ့အပိုင်းဆို ကျွန်တော် အစကနေ ပြန်လိုက်ရမယ်ဆိုရင် အောက်ခြေကနေ ပြန်လိုက်ရမှာ။ လွယ်တော့မလွယ်လှဘူး။ ကျွန်တော် ကြော်ငြာရိုက်ရတာတောင် မလွယ်တာ။ အရမ်းခက်ခဲတယ်။ မနည်းကြိုးစားပြီး ရိုက်ရတာ။ သရုပ်ဆောင်တဲ့အပိုင်းဆို ပိုဆိုးမှာပေ့ါ"လို့ သူက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။
Photo : ဖြိုးမြတ်အောင် FB
ဖြိုးမြတ်အောင်ရဲ့ စိတ်ဓာတ်လေးကို ချီးကျူးလိုက်တဲ့ နန်းသီရိမောင်
အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။
"ဘာသာရေးပိုင်းနဲ့ ပတ်သက်ပြီး တော့ အခုမှလုပ်ဖြစ်တာမဟုတ်ပါဘူး။ ကျွန်တော်ကလေးဘဝကတည်းက ကျွန်တော့်ကို အဘနဲ့ အဖွားနဲ့ ကလေးဘဝကတည်းက သင်ပေးထားတာပါ။ ဘာသာရေးဘက်မှာ နည်းနည်းတော့ အားနည်းနေတယ်။ အရင်ကတုန်းကဆိုရင် စူးစူးနှစ်နှစ် လုပ်နိုင်တယ်။ အခုကျတော့ အလုပ်ရှုပ်တဲ့အခါမျိုးတွေမှာ အားနည်းနေတယ်။ နဂိုလိုတော့ စိတ်သိပ်မရဘူး ပုံမှန်တော့ လုပ်ဖြစ်ပါတယ်" ဆိုပြီး ဖြိုးမြတ်အောင်က ပြောပါတယ်။
Photo : ဖြိုးမြတ်အောင် FB
Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေဖြစ်တဲ့ ဘုရားထီ တင် ဖို့ကိုလည်း အကောင်အထည်ဖော်ပေးဖို့ ကြိုးစားနေသူပါ။
Share