မတ်လကမှ တံတားဖွင့်ခဲ့တာပါ။

ဖွင့်လှစ်ခဲ့တာ ၇ လသာရှိသေးပေမယ့် ပျက်စီးနေပြီဖြစ်တဲ့ ကချင်ပြည်နယ်ဆော့လော်မြို့နယ်အတွင်းက တံတား ၂ စင်းပျက်စီးနေတဲ့ကိစ္စကို လွှတ်တော်တင်မယ်လို့ ဆော့လော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးကပြောပါတယ်။



 

Photo - ဦးလာမာလေး





ဆော့လော်မြို့နယ်အတွင်းက လန်ဆယ်တံတား၊ ထန်တန်တံတားနဲ့ ရေကာတာ တစ်ခုဖြစ်ပြီး သွားရောက်စစ်ဆေးတဲ့အခါမှာ စံချိန်စံညွှန်းနဲ့အညီတည်ဆောက်ခဲ့ခြင်းမရှိတာကိုတွေ့ရတယ်လို့ဦးလာမာလေးက Duwun ကိုပြောပါတယ်။



"လန်ဆယ် ပေ ၂၀၀ တံတားအောင်ခြေမှာ ပီပါပုံတစ်လုံးထည့်ထားတယ်။အခုတော့ ရေစီးနဲ့ပါသွားပြီလေ ရှင်းရှင်းပြောရရင်တော့ အဖြစ်သဘောလုပ်ထားတာ ။ ဒီအတွက် ကျွန်တော် လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းမေးပြီး ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ တင်ပြပါမယ်" လို့ သူကပြောပါတယ်။

Photo - ဦးလာမာလေး





လန်ဆယ်တံတားဟာ လန်ဆယ်ကျေးရွာအုပ်စု ၊ လန်ဆယ်ကျေးရွာအထဲမှာတည်ရှိတာဖြစ်ပြီး အဆိုပါတံတားကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပါတယ်။



ထန်တန်တံတားဟာ ထန်တန်ရွာထဲတည်ရှိပြီး နဲ့ ရေကာတာဟာလည်း လန်ဆယ် ကျေးရွာအုပ်စုထဲမှာပဲတည်ရှိတာဖြစ်ကြောင်း၊ တံတား ၂ စင်းနဲ့ရေကာတာကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဘတ်ဂျက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Photo - ဦးလာမာလေး





"ပြီးခဲ့တဲ့ ၁၇-၁၈၊ ၆ လဘတ်ဂျက် နဲ့ ဆောက်ခဲ့တာ ၊ နတလ ဘတ်ဂျက်နဲ့ တင်ဒါပေးခဲ့တာက Royal Myitkyina Company Limitedတော်ဝင်မြစ်ကြီးနားကိုတင်ဒါပေးပြီးတော့ august starကုမ္ပဏီကဆောက်ခဲ့တာ။ လုပ်ငန်းပြီးစီးကြောင်းအပ်နှံခဲ့တာကတော့ ြ့ပီးခဲ့တဲ့ မတ်လ မှာ အပ်နှံတာ။ ကျန်တဲ့ ထန်တန်တံတားနဲ့ ရေကာတာကိုလည်း august star ကပဲဆောက်ခဲ့တာ။ ဒါပေမဲ့ ထန်တန်တံတားနဲ့ ရေကာတာကိုတော့ ဘယ်က တင်ဒါအောင်လဲ မသိဘူုး။ ပြန်ရှာကြည့်ရဦးမယ်" လို့ ဦးလာမာလေးက ဆိုပါတယ်။



Royal Myitkyina Company Limited ရဲ့ သတင်းထုတ်ပြန်တဲ့ Facebook Page နဲ့ Website မှာ လန်ဆယ်တံတား ဖွင့်ပွဲတုန်းက ရိုက်ကူးထားတဲ့ပုံတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က