Yangon 100 Plus Active Run အပြေးပြိုင်ပွဲကိုဒုတိယအကြိမ်အဖြစ်ရန်ကုန်မှာ လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပတဲ့ကော်မတီက နိုဝင်ဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒုတိယအကြိမ်မြောက် Yangon 100 Plus Active Run မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ၁၀ ကီလိုမီတာ စိန်ခေါ်မှုပြိုင်ပွဲနဲ့၃.၅ ကီလိုမီတာ အပျော်တမ်းအပြေးပြိုင်ပွဲဆိုပြီး တော့ ကျင်းပမှာဖြစ်ပြီးတော့ ပြိုင်ပွဲဝင်ဦးရေ ၅၀၀၀ ကျော်ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။
သုဝဏ္ဏမိုးလုံလေလုံကွင်းကနေ တာလွှတ်မှာဖြစ်ပြီးတော့ ပါဝင်ချင်တဲ့သူတွေကိုလည်း ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
လက်မှတ်တစ်စောင်ကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
အသက် ၁၅ နှစ်ပြည့်ပြီးသူတွေနဲ့ အသက် ၁၅ နှစ်အထက်ပြည့်ပြီးသူတွေအတွက် ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲနဲ့ ၃.၅ ကီလိုမီတာ အတွက် အသက်အရွယ်ကန့်သတ်ထားတာမရှိဘဲ ပန်းဝင်မယ့်နေရာကိုလည်း သုဝဏ္ဏအားကစားကွင်းမှာပဲပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဆုကြေးငွေကိုတော့ ငွေသား ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်းနဲ့ တတိယဆု ၅ သိန်းပေးအပ်သွားမှာဖြစ်ပါတယ်။
လာမယ့်နှစ်ဆန်းပိုင်းမှာလည်း အပြည်ပြည်ဆိုင်ရာက အပြေးသမားတွေပါဝင်မယ့် ရိုးမရန်ကုန်မာရသွန်အပြေးပြိုင်ပွဲကို လာမယ့်ဇန်နဝါရီ ၂၀ ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပြီးတော့နိုင်ငံတကာက အပြေးသမားပေါင်းများစွာပါဝင်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။