အလုပ်သမားတွေအိပ်နေတဲ့ နေရာကနေခိုးယူခဲ့တာပါ။

ရွှေပြည်သာမြို့နယ်အတွင်းက ဆောက်လက်စအဆောက်အဦတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဆီကနေ ဖုန်း ၂၁ လုံးခိုးယူခဲ့သူကို ဖမ်းမိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောက်တိုဘာ ၆ ရက်က ထုတ်ပြန်ပါတယ်။



 

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက်က ဘုံရှည်ကုန်းကျေးရွာရှိ ပြည်တော်သာလမ်းမပေါ်မှာ လူတစ်ဦးက လက်ကိုင်ဖုန်းတွေ လိုက်လံရောင်းချနေတဲ့ သတင်းအရ ရဲတပ်ဖွဲ့ သွားရောက်ရာ မျိုးချစ်သူ ဆိုတဲ့ လူရဲ့ လွယ်အိတ်ထဲမှာ Oppo အမျိုးအစားလက်ကိုင်ဖုန်း (၂)လုံး၊ Mi Redmi Note 5A အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး တို့ကို တွေ့ရှိမေးမြန်းရာ ပိုင်ဆိုင်တဲ့ အထောက်အထား မတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ စုံစမ်းချက်အရသိရပါတယ်။

အဲ့ဒါကြောင့် မျိုးချစ်သူကို စစ်ဆေးခဲ့ရာ ပြီးခဲ့တဲ့ မေ၊ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်းက ရွှေပြည်သာမြို့နယ်ထဲက သာဓုကန်စက်မှုဇုန် အတွင်းမှ ဆောက်လက်စအဆောက်အဦ တွေမှာ အလုပ်သမားတွေအိပ်နေတဲ့ နေရာကနေ  CM အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ ဝါးတရာစက်မှုဇုန်ထဲက ဆောက်လုပ်ရေးအလုပ်သမားတွေ အိပ်နေတဲ့ နေရာက HUAWEI အမျိုးအစားလက်ကိုင်ဖုန်း(၄)လုံး၊ SAMSUNG အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးတို့ အားလည်းကာင်း၊ လှော်ကားဈေးအနီး အဆောက်အဦဆောက်လုပ်နေတဲ့နေရာမှ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း(၂)လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်း(၂)လုံး၊ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ လှော်ကားတာဆုံအကျော်၊ လှော်ကားဥယျာဉ်လမ်းဘေးက ဆောက်လက်စ အဆောက်အဦး အလုပ်သမားတွေ အိပ်နေတဲ့နေရာက SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ Oppo အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ Vivo အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ဝါးတရာစက်မှုဇုန်အတွင်း ဆောက်လုပ်ဆဲအဆောက်အဦအတွင်းမှ Honor အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ ထန်းခြောက်ပင်မီးပွိုင့်အနီး ဗိုလ်ချုပ်လမ်းမဘေးအဆောက်အဦထဲက အလုပ်သမားတွေအိပ်နေတဲ့နေရာက ဖုန်းအား သွင်းထားတဲ့ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၂)လုံး၊ Hello အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ ပုလဲလမ်းဘေးဆောက်လုပ်ဆဲ အဆောက်အဦအတွင်း အလုပ်သမားများအိပ်နေသည့်နေရာမှ Redmi 

အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ Vivo အမျိုး အစား လက်ကိုင် ဖုန်း(၁)လုံးတို့အား အသီးသီး ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ခိုးယူခဲ့တဲ့ဖုန်းတွေကို သက်သေခံပစ္စည်းတွေအဖြစ် ပြန်လည်သိမ်းဆည်းခဲ့ပီး ခိုးယူသူ မျိုးချစ်သူ ကို လှော်ကား နယ်မြေရဲစခန်း (ပ)၆၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိတော့သက်သေခံပစ္စည်းဖုန်းတွေကို ပိုင်ရှင်တွေအနေနဲ့ ရွှေပြည်သာမြို့မရဲစခန်းနဲ့ လှော်ကားနယ်မြေ ရဲစခန်းမှာ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က