အဖမ်းခံဖို့ ပြောဆိုတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဓါးနဲ့ ခုတ်တာဖြစ်တယ်လို့ သိရပါတယ်။

လှိုင်သာယာမှာ ဓားကိုင်ပြီး သောင်းကျန်းနေသူက ဖမ်းဆီးချိန်ခုခံတာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့မှု နိုဝင်ဘာ ၅ ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။



 

44977603_265362314333177_1509335435770331136_n.jpg 

နိုဝင်ဘာ ၅ ရက်နေ့မှာ လှိုင်သာယာမြို့နယ် (၁) ရပ်ကွက်မှာနေတဲ့ ဦးထွန်းဇော်(၄၆) နှစ်က သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်မဏ္ဍပ်ကို ငါးမန်း(ခ)ဝင်းထွေးက ဓားနဲ့ခုတ်ပြီးဖျက်ဆီးတယ်လို့ အကြောင်းကြားတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးတယ်လို့ ထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေသွားရောက်စစ်ဆေးတဲ့အချိန်မှာတော့ ငါးမန်း(ခ) ဝင်းထွေးကို (၁) ရပ်ကွက် ပိတောက် (၃)လမ်းထောင့်မှာ အရိုးအသွား ၂၂ လက်မခန့်ရှိတဲ့ ငှက်ကြီးတောင်ဓါးကို ကိုင်ဆောင်ပြီးတော့ အရိုးအသွား ၁၂ လက်မရှိတဲ့ ဓားမြှောင်၁ ချောင်းကို ခါးကြားထိုးပြီး တွေ့တာကြောင့် အဖမ်းခံဖို့ ပြောဆိုတဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဓါးနဲ့ ခုတ်တာဖြစ်တယ်လို့ သိရပါတယ်။

ဓါးနဲ့ ခုတ်တာကြောင့် သေနတ်နဲ့ သတိပေး ပစ်ခတ်ခဲ့ရာမှာတော့ လည်ပင်းယာဘက်မှာ ဖောက်ထွက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီးတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူကိုတော့ လှိုင်သာယာမြို့မ ရဲစခန်းကနေ (ပ) ၄၁၅၇ လက်ရောက်မှု/လူသတ်မှုကျူးလွန်ဖို့ အားထုတ်မှု တို့နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က