မသိင်္ဂီထွန်း (၃၃) နှစ်က အိမ်အကူအဖြစ်လုပ်ကိုင်နေသူကို မအေးသန္တာကို နှိပ်စက်ခဲ့တာဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ်မှာ အိမ်အကူကို ရေနွေးပူနဲ့လောင်း ၊မီးပူနဲ့ကပ်၊ ဓါးနဲ့မွှန်းခဲ့တဲ့ အိမ်ရှင်ဖြစ်သူကို ပြင်းထန်စွာနာကျင်စေမှုနဲ့ အမှုဖွင့်ထား တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်နေ့က သိရပါတယ်။

 

45452595_641169199613935_753940238472052736_n.jpg 

“ သွားကြည့်တဲ့အခါမှာတော့ ကလေးက ပြင်ပဒဏ်ရာအနေနဲ့ နဖူးမှာနည်းနည်းပျော့နေသေးတယ်။မျက်လုံးရောင်နတယ်။ ဓါတ်မှန်အဖြေအရ ဦးနှောက်အခွံအက်တာတွေဘာညာမရှိဘူးပြောတယ်။ ဒီနေ့တော့ မျက်လုံံးတို့ ၊စိတ်အခြေအနေစစ်ဆေးဖို့ ပြောထားတယ်။ ” လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၆ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ချယ်ရီလမ်း၊ အမှတ် (၁၀၃) မှာနေတဲ့ မသိင်္ဂီထွန်း (၃၃) နှစ်က အိမ်အကူအဖြစ်လုပ်ကိုင်နေသူကို မအေးသန္တာကို နှိပ်စက်ခဲ့တာဖြစ်ပါတယ်။

အိမ်အကူဖြစ်သူကို နေအိမ်မှာ ခြေထောက်နဲ့ကန်တာ၊ မီးပူနဲ့ကပ်တာ၊ ဓားနဲ့မွှန်းတာ၊ ရေနွေးပူနဲ့ လောင်းတာတွေကြောင့် မအေးသန္တာရဲ့ မျက်နှာတွေမှာ ဖူးရောင်တာ၊ယာဒူး/ကျောညိုမဲ၊ ဝဲလက်မောင်း/လက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အင်းစိန်ဆေးရုံမှာ စိုးရိမ်ရ ဒဏ်ရာတွေနဲ့ ကုသမှုခံယူနေပြီးတော့ ကျူးလွန်တဲ့အိမ်ရှင်ဖြစ်သူကို မရမ်းကုန်းမြို့မ ရဲစခန်းကနေ (ပ)၂၂၈၈/၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၃၂၆ (ပြင်းထန်နာကျင်စေမှု)တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က