ဖိနပ်တွေ၊ ကျောက်မျက်ရတနာတွေနဲ့ အနုပညာလက်ရာတွေ များပြားစွာ စုဆောင်းတတ်သူအဖြစ် တစ်ချိန်က နာမည်ကြီးလှတဲ့ ဖိလစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်ဒါမားကို့စ်ကို လာဘ်ယူမှု ခုနစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားရုံးက ယနေ့ (နိုဝင်ဘာ ၉ ရက်) ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရပါတယ်။
လစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်ဒါမားကို့စ်
သမ္မတကတော်ဟောင်းဟာ လာဘ်ယူမှုစွဲချက် ဒါဇင်နဲ့ချီ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ၎င်းတို့မိသားစုဟာ ၁၉၈၆ ခုနှစ်မှာ ဖိလစ်ပိုင်စစ်တပ်က ထောက်ခံအားပေးခဲ့တဲ့ ဆူပူအုံကြွမှုအတွင်း အာဏာလက်လွှတ်ခဲ့ရပါတယ်။
တရားရုံးက မားကို့စ်ကို ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ပေမဲ့ သူမ အနေနဲ့ အယူခံဝင်နိုင်ကြောင်းနဲ့ အယူခံပယ်ချခံရပါက ယခုဖမ်းဆီးမိန့်ကို တရားရုံးချုပ်မှာ ဆက်လက် တရားရင်ဆိုင်နိုင်ကြောင်း သိရပါတယ်။
တစ်ချိန်က ဖာဒီနန်မားကို့စ်နှင့် အီမယ်ဒါမားကို့စ်
မားကို့စ်ဟာ ၎င်းရဲ့ခင်ပွန်းလက်ထက်က မနီလာမြို့အုပ်ချုပ်ရေမှူးအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ဆွစ်ဇာလန်ဖောင်ဒေးရှင်း ခုနစ်ခုထံသို့ ဘဏ်မှတစ်ဆင့် ငွေလွှဲပြောင်းမှု ခုနစ်ခုလုပ်ဆောင်ခဲ့မှုဖြင့် စွဲချက်တင်ခံခဲ့ရပါတယ်။
ဖာဒီနန်မားကို့စ် ကွယ်လွန်ခဲ့စဉ်က တွေ့ရသည့် အီမယ်ဒါမားကို့စ်
မားကို့စ်အနေနဲ့ ယခု တရားရုံးဆုံးဖြတ်ချက်ကို တရားရုံးချုပ်သို့ တိုက်ရိုက် တက်ရောက်ရင်ဆိုင်ကာ ပြစ်ဒဏ်လျှော့ပေါ့ရန်လည်း လုပ်ဆောင်နိုင်ပါတယ်။ ထို့အတူ ဖမ်းဆီးခံရပါကလည်း အာမခံလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အီမယ်ဒါမားကို့စ် စုဆောင်းခဲ့တဲ့ ဖိနပ်များကို ပြတိုက်မှာပြသထားမှု
အိုင်မီမားကို့စ်က ၂၀၁၉ ခုနှစ် ဖိလစ်ပိုင် လွှတ်တော်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Ilocos Norte ဒေသမှာ မားကို့စ်မိသားစုက သြဇာလွှမ်းမိုးမှု အားကောင်းနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၁၉၈၆ ဖိလစ်ပိုင်အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှု မြင်ကွင်းတစ်ခု
အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ဟာ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အလွဲသုံးစားပြု စုဆောင်းရယူခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။
ဖာဒီနန်မားကို့စ်ဟာ ၁၉၈၆ ခုနှစ်မှာ ပြည်သူလူထု ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် နိုင်ငံမှထွက်ပြေးသွားခဲ့ပြီး အမေရိကန် ဟာဝိုင်အီမှာ ခိုလှုံခဲ့ပါတယ်။ ထို့နောက် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်မှာ ဟာဝိုင်အီရှိ ဟိုနိုလူလူမြို့မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။
Share