စပို့တင်းလစ္စဘွန်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ရိုးကျိုးသွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ဟာ ရာသီကုန်အထိ နားရနိုင်ခြေရှိနေပါတယ်။ ဖြတ်တင်ဘောကို ခေါင်းတိုက်ဖို့ကြိုးစားရင်း အကျမတော်ရာကနေ ခြေထောက်ကျိုးသွားခဲ့တဲ့ ဝဲလ်ဘက်ရဲ့ ဒဏ်ရာကို ညတွင်းချင်းပဲ ဆေးရုံတင်ခဲ့ရပါတယ်။ လတ်တလောမှာ ဒဏ်ရာက ရောင်နေတာကြောင့် တိကျတဲ့ဆေးစစ်မှုတွေကို လုပ်ဖို့အတွက် အရင်ဆုံး ဒဏ်ရာအရောင်ကျဖို့ကို ဆရာဝန်တွေ ကြိုးစားနေပါတယ်။
Photo : Shutterstock
MRI စကန်နဲ့ စစ်ဆေးပြီးရင်တော့ ခွဲစိတ်ဖို့လိုမလိုကို အတိအကျဆုံးဖြတ်နိုင်မှာပါ။ ဒါပေမယ့် ဆရာဝန်တွေ စိုးရိမ်နေတာကတော့ ဝဲလ်ဘက်ရဲ့ ခြေချင်းဝတ်ရိုးဟာ ကျိုးသွားတဲ့အပြင် အဆစ်ပါလွှဲပြီး အရွှတ်တွေပျက်ဆီးသွားနိုင်ခြေရှိနေတဲ့အချက်ပါ။
Photo : Shutterstock
ခွဲစိပ်ဖို့လိုအပ်တယ်ဆိုရင်တော့ အာဆင်နယ်အသင်းနဲ့အလုပ်များစွာ တွဲလုပ်ခဲ့ဖူးတဲ့ ခွဲစိပ်အထူးကုဒေါက်တာ ဂျိမ်းစ်ကေဒါက ဦးဆောင်ခွဲစိပ်ဖို့ရှိပါတယ်။ ကယ်လ်ဒါဟာ ဂါရက်ဘေးလ်နဲ့ ဝီလ်ရှီးယားတို့ရဲ့ဒဏ်ရာတွေကိုလည်း ခွဲစိပ်ပေးခဲ့ဖူးသူပါ။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ ဝဲလ်ဘက်ရဲ့ ဒဏ်ရာအခြေအနေကို စိုးရိမ်တကြီး စောင့်မျှော်နေပြီး (၇၂)နာရီအတွင်း ဆေးစစ်ချက်တွေကို သိရဖို့ရှိပါတယ်။ ဝဲလ်ဘက်ဟာ အာဆင်နယ်အသင်းနဲ့ရာသီကုန်ရင်စာချုပ်သက်တမ်းစေ့မှာပါ။ ဒါကြောင့် ရာသီမကုန်ခင် ဒဏ်ရာမသက်သာပါက အာဆင်နယ်အသင်းနဲ့ လမ်းခွဲရဖွယ်ရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
Photo : Getty Images
စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာပဲ ဒဏ်ရာရခဲ့တဲ့ အာဆင်နယ်နောက်ခံလူ လစ်ချ်စတိန်နာကတော့ (၄)ပတ်လောက်နားရမယ်လို့ ဗြိတိန်သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။