အသက်(၂၃)နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးရဲ့ယခင်စာချုပ်သက်တမ်းဟာ နောက်ရာသီအကုန်မှာ ကုန်ဆုံးမှာပဲဖြစ်တာကြောင့် စာချုပ်သစ်ချုပ်လိုက်တာပါ။

မန်စီးတီးတိုက်စစ်မှူးစတာလင်းဟာ အသင်းနဲ့တစ်ပတ်ပေါင်(၃၀၀၀၀၀)တန်ကြေးရှိ (၃)နှစ်သက်တမ်းတိုးစာချုပ်ဆို လိုက်ပါတယ်။



Photo : Manchester City

 

 စာချုပ်သစ်အရ စတာလင်းအနေနဲ့ မန်စီးတီးမှာ (၂၀၂၃)ခုနှစ်အထိ ဆက်ရှိနေမှာပဲဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးရဲ့ယခင်စာချုပ်သက်တမ်းဟာ နောက်ရာသီအကုန်မှာ ကုန်ဆုံးမှာပဲဖြစ်ပါတယ်။ စာချုပ်သစ်အရ စတာလင်းဟာ ပရီးမီးယားလိဂ်မှာ လစာအများဆုံးရရှိတဲ့အင်္ဂလန်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါတယ်။

စတာလင်းက “စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ ကျွန်တော်ဝမ်းသာမိပါတယ်။ ဒီအသင်းမှာ ကျွန်တော့်ရဲ့တိုးတက်မှုက မယုံကြည်နိုင်စရာပါပဲ။ ဒီကိုစရောက်တဲ့အချိန်ကစပြီး ကျွန်တော့်ရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့ ခံစားမိပါတယ်။ ဒါက ကြိုးစားမှုရလဒ်ပါ။ ကျွန်တော်တကယ့်ကိုဝမ်းသာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Photo : Getty Images

 

စတာလင်းဟာ ၂၀၁၅ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင်(၄၉)သန်းနဲ့လီဗာပူးကနေ မန်စီးတီးကို ရောက်ရှိလာခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်ချန်ပီယံဖြစ်ခဲ့တဲ့မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၂၃)ဂိုးသွင်းယူပေးခဲ့ပါတယ်။ အခုရာသီမှာတော့ စတာလင်းဟာ မန်စီးတီးအတွက်ခြေစွမ်းပြကစားနေပြီး (၇)ဂိုးသွင်းယူထားပါတယ်။ ဒါ့အပြင်စတာလင်းဟာ အင်္ဂလန်အသင်းအတွက်လည်း (၄၆)ပွဲကစားခဲ့ပြီး (၄)ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က