ရှိုးမလျှောက်ဖြစ်တာ (၁)နှစ်ကျော်လောက်ရှိသွားပြီတဲ့။

"ကိုယ့်ကို ပရိသတ်တွေက ခပ်ဟော့ဟော့ မော်ဒယ်တစ်ယောက် အနေနဲ့ သိထားပြီးတော့မှ မင်းသမီးတစ်ယောက် အနေနဲ့ သိတာ လေ ရှိုးလျှောက်တဲ့အခါ အေးမြတ်သူက အမြဲတမ်း (၁၈)နှစ် (၁၉)နှစ်လိုပဲ ပြန်ခံစားရတယ်"



 

ရှိုးမလျှောက်ဖြစ်တာ (၁)နှစ်ကျော် လောက်ရှိသွားပြီဖြစ်တဲ့ အေးမြတ်သူက ရှိုးလျှောက်ရတဲ့ ခံစားချက်လေးကို လွမ်းနေတယ်လို့ ဆိုပါတယ်။ She Shines ရှိုးပွဲမှာ နောက်ဆုံး ရှိုးလျှောက်ဖြစ်တဲ့ သူမက ရှိုးလျှောက်ရတဲ့ဖီလင်ကို ယခုလိုလည်း ပြောပြထားပါသေးတယ်။

"ရှိုးပွဲမလျှောက်ဖြစ်တာ (၁)နှစ်ကျော်ကျော်လောက် ရှိသွားပြီ ရှိုးလျှောက်ရတာ အရမ်းပျော်တယ်။ အဲ့လိုဘဝလေးကိုလည်း အရမ်းလွမ်းတယ်။ ကိုယ့်ကို ပရိသတ်တွေက ခပ်ဟော့ဟော့ မော်ဒယ်တစ်ယောက် အနေနဲ့ သိထားပြီးတော့မှ မင်းသမီးတစ်ယောက်အနေနဲ့သိတာလေ ရှိုးလျှောက်တဲ့အခါ အေးမြတ်သူက အမြဲတမ်း (၁၈)နှစ် (၁၉)နှစ်လိုပဲ ပြန်ခံစားရတယ်။ ကိုယ့်ကိုကိုယ် ငါလှတယ်ဆိုတဲ့  စိတ် ငါလျှောက်နေတာ အရမ်းမိုက်တယ်ဆိုတဲ့ ဖီလင်ကို ပြန်ရတယ်။ အဲ့ဒါက သရုပ်ဆောင်ရင် မရဘူး"လို့ နိုဝင်ဘာ(၁)ရက်နေ့က ပြုလုပ်တဲ့ မီ ရုပ်ရှင်ဇာတ်ကား Red Carpet ရှိုးမှာ ပြောပြခဲ့တာပါ။

သူမအနေနဲ့ လက်ရှိမှာ မကြာခင်မှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ အနုပညာအလုပ် ရော အပြင်စီးပွားရေးပါ လုပ်နေတဲ့ အေးမြတ်သူက အလုပ်နဲ့ ပတ်သက်ပြီး သူမရဲ့ ခံယူချက်ကိုလည်း ယခုလို ပြောပြထားပါသေးတယ်။

"အလုပ်ဟူသမျှ ဂုဏ်ရှိစွပဲ သမာအာဇီဝ ကျကျနဲ့ ဘယ်သူ့ကို စိတ်မဆင်းရဲ့ စေရပဲနဲ့ လုပ်တဲ့အလုပ်တိုင်းဟာ သမာအာဇီဝကျတဲ့အလုပ်ပါပဲ အေးမြတ်သူက အကုန်လုံးကို အားပေးတယ်။လူတိုင်းဟာ အလုပ်မျိုးစုံကို လုပ်နေနိုင်ရမယ်။ ဒီဘက်ခေတ်မှာ အလုပ်တစ်ခုတည်းနဲ့ ရပ်တည် လို့ မရဘူး။  အလုပ်နှစ်ခု သုံးခုလုပ်ရတယ်။ အိမ်ထောင်တစ်ခုမှာလည်း အဖေတစ်ယောက်တည်း ရှာလို့မရဘူး။ အဖေရောသမီးရော ရှာရမယ်။ ခေတ်ရဲ့လိုအပ်ချက်တွေ များလာတာကို ဒါကြောင့်အလုပ်လုပ်ပါ။ အလုပ်ဟူသမျှ ဂုဏ်၇ှိစွပါပဲ။ အလုပ်ရှိတဲ့လူက အမြဲတမ်း တက်ကြွ တယ်။ အလုပ်မရှိရင် စိတ်အားငယ်တယ်။အလုုပ်လုပ်တာ အားပေးပါတယ်။" ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

 

သရုပ်ဆောင်အေးမြတ်သူဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ရှိနေသလို ပရဟိတအလုပ်တွေကိုလည်း အားရင် အားသလို အချိန်ပေးပြီး လုပ်ကိုင်တတ်သူ တစ်ဦးဖြစ်ပါတယ်။

သူမဟာအနုပညာအတွေ့အကြုံတွေအများကြီးရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကာရိုက်တာ တိုင်းကိုလည်း အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တဲ့ သူမဟာ၂၀၁၉ခုနှစ်ထဲမှာ ရိုက်ကူးမယ့် ကာရိုက်တာအတွက် အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က