Samsung ရဲ့ high-end မော်ဒယ် Galaxy Note 9 ထက် အပြတ်အသတ် ဈေးသာတဲ့ flip phone သစ်ကတော့ ထွက်လာပြီ ဖြစ်ပါတယ်။
Photo: neowin
အရင်နှစ်က ထွက်ခဲ့တဲ့ W2018 ခေါက်ဖုန်းရဲ့ အဆက်ဖြစ်တဲ့ Samsung W2019 ဟာ တရုတ်ဈေးကွက်မှာပဲ ဖြန့်ချိသွားမယ့် limited edition ဖြစ်ပြီး အဆင့်မြင့် အန်းဒရိုက်ဖုန်းတစ်လုံးရဲ့ အသွင်လက္ခဏာတွေနဲ့လာတာပါ။ ဈေးကတော့ အန်းဒရိုက်ဖုန်းတွေထဲမှာ အကြီးဆုံးလို့ပြောရမယ့် ultra-premium တန်းဝင်ဈေးနဲ့ထွက်လာတာ ဖြစ်ပါတယ်။
အလူမီနီယံပတ္တာနဲ့ဆက်ထားတဲ့ W2019 ဟာ AMOLED screen နှစ်ခု ပါရှိပြီး ဖုန်းရဲ့ ရှေ့၊ နောက်နဲ့အတွင်းပိုင်းအားလုံးဟာ glass body နဲ့လာတာပါ။ ဘေးကိုယ်ထည်မှာ လက်ဗွေစနစ်နဲ့Bixby button တစ်ခု ပါရှိပြီး display တစ်ခုစီဟာ မျက်နှာပြင် ၄.၂ လက်မ စီ ရှိထားပါတယ်။ အတွင်း Screen ဟာ ရိုးရိုး ကီးပတ်ဖုန်းတစ်လုံး အတိုင်း နဲ့လာပြီး အပြင်ဆုံး screen ဟာလည်း Full HD ရုပ်ထွက် ပါရှိပါတယ်။
ပရီမီယံအန်းဒရိုက်ဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ Qualcomm ရဲ့ အမြင့်ဆုံး Snapdragon 845 processor နဲ့လာပြီး RAM 6GB သုံးထားပါတယ်။ storage ပိုင်းမှာ 128GB နဲ့256GB ဗားရှင်းများ ပါရှိပြီး microSD card ကနေ ထပ်ပြီး storage မြှင့်နိုင်မှာ ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာ Galaxy Note 9 စတိုင် အလျားလိုက် အဆင့်မြင့် dual 12MP ကင်မရာနှစ်လုံးနဲ့လာတာကြောင့် OIS ရုပ်ငြိမ်စနစ်တွေ ၊ 2x optical zoom တွေ ရိုက်ကူးနိုင်မှာပါ။
ဗွီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ 4K ရုပ်ထွက်မြင့် ဗွီဒီယိုတွေကို 60fps နှုန်း နဲ့ရိုက်ကူးနိုင်သလို Full HD slow-mo ဗွီဒီယိုတွေကို 960fps နှုန်းနဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ရှေ့ဘက်မှာဆယ်ဖီဆွဲဖို့ 8MP ကင်မရာ ပါရှိပါတယ်။ 3070 mAh ဘက်ထရီသုံးထားပြီး3.5mm နားကြပ်ပေါက်မပါတော့လို့USB Type C ပေါက်ကနေတစ်ဆင့် အားသွင်းတာ ၊ သီချင်းနားထောင်တာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Photo: GSMArena
လောလောဆယ်မှာ Andorid 8.0 Oreo ကို သုံးထားပြီး Android 9 Pie update ပေးသွားဖို့ရှိပါတယ်။ ဈေးနှုန်းအနေနဲ့တရားဝင် မကြေငြာရသေးပေမယ့် W2019 ဟာ ယွမ် ၁ သောင်းကျော် (မြန်မာငွေ ၂၂ သိန်းကျော်) မယ်လို့ခန့်မှန်းနေကြပါတယ်။