ကောင်မလေးက ချောလိုက်တာ ။

ကိုမောင်မောင်အေး တစ်ယောက် လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေလည်းအ ရမ်းကို အံ့သြနေ ကြပါတယ်။

 

ပရိသတ်တွေကို ပျော်အောင် ဖန်တီးတတ်သူ Surprise ဖြစ်အောင် အမြဲတမ်း လုပ်တတ်တဲ့ ကိုမောင်မောင်အေးက ဒီနေ့(နိုဝင်ဘာ ၁၀ရက်) မှာလည်း ပရိသတ်တွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို surprise တစ်ခုလုပ်လိုက်ပါတယ်။ အဲ့ဒါက မကြာခင်မှာ သူလက်ထပ်တော့မယ်ဆိုတဲ့အ ကြောင်းပါ။ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေလည်းအ ရမ်းကို အံ့သြနေ ကြပါတယ်။

 

အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး ကိုမောင်မောင်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

"သီးချိန်တန်လို့သီး.. ပွင့်ချိန်တန်လို့ အာ သွားတယ်လို့သာ မှတ်ကြပါကုန်။ FB ပြင်ပလောကမှာ ခင်မင်ရင်းနှီး သိကျွမ်းချစ်ခင် ကြပါ ကုန် သော အမျိုးအဆွေများ FB မှတဆင့် ခင်မင်ရင်းနှီး သိကျွမ်းချစ်ခင်ခွင့်ရကြပါကုန်သော အမျိုးအဆွေများ နဲ့ ရှေ့လ ( ဒီဇင်ဘာ ၅ ရက်နေ့ ) ဗုဒ္ဓဟူး ညနေ မှာ အရွယ်ရောက်ကာစ လူငယ်လေး ၂ ယောက် ကို မိဘတို့ဝတ္တရားရှိတဲ့အတိုင်း ဘာညာ စမာကလာ ဒွေးနှောယှက်တင်ပြုမယ့်ပွဲအတွက် ရက်အားလေးများ ဖြစ်နိုင်ရင် ချန်ပြုပေးထားကြဖို့ရာ အသိပေးမင်္ဂလာပြုရပါတယ်" ဆိုပြီး နိုဝင်ဘာ(၁၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

အားလုံးပျော်ရွှင်ရအောင် နောက်ပြောင်ခဲ့တဲ့ ကိုမောင်မောင်အေး 

သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေဆီကို ဖိတ်စာများ မကြာခင် ပို့ပေးမယ်လို့ မောင်မောင်အေးက ပြောထားပါသေးတယ်။ ဖိတ်စာပို့ဖို့ ကျန်ခဲ့ရင်လည်း မက်ဆေ့ချ်ကနေ သူ့ကို ပြောနိုင်တယ်ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

"ချစ်ခင်ရပါသောမိတ်ဆွေများအား ဖိတ်ကြားခြင်းအမှုများကိုလည်း များမကြာမီ စတင်နိုင်ဖို့ရာမှာ အကြောင်းအမျိုးမျိုးကြောင့် ဖိတ်ကြားရန်ကျန်ရှိနေမှာစိုးသည့်အတွက် မတ်စိတွင် " ဟဲ့ အကောင်.. ငါ့ဖိတ်ဖို့မေ့နေဦးမယ်နော်... ကျန်ခဲ့လို့ကတော့ နင့်အမွှေး အကုန် စမုံတုံးပြီသာမှတ် " လို့ ရေးပို့ပေးကြပါကုန် ....ကျွန်တော်ကချစ်ရသော ကျွန်တော့်ကိုချစ်ကြသော သယ်ရင်း ဘော်ဒါ မိတ်ဆွေ အမျိုးအပေါင်းတို့" လို့ ဆိုပါတယ်။

 

လက်ထပ်တော့မယ်ဆိုပြီး ပြောထားတဲ့ မောင်မောင်အေးရဲ့ပို့စ်မှာ ကောင်မလေးတစ်ယောက်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးကို အတူတွဲပြီး တင်ထားတာပါ။သူ့ရဲ့ မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး တချို့မိတ်ဆွေအပေါင်းအသင်းတွေက ဂုဏ်ပြုစကား တွေ ပြောထား ကြသလို တချို့လူတွေက တော့ နောက်နေတယ်လို့ပဲ ထင်နေကြပါတယ်။

မောင်မောင်အေးဟာ ဟာသအစီအစဉ်တွေနဲ့ ပရိသတ်တွေကို မရိုးနိုင်အောင် တင်ဆက်သူတစ်ယောက်လည်း ဖြစ်သလို အစီအ စဉ်တင် ဆက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။အစီအစဉ်တင်ဆက်သူတစ်ဦးအနေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးသူ ကိုမောင် မောင်အေးဟာ ပရဟိတအလုပ်တွေကိုလည်း ဆောင်ရွတ်နေသူ တစ်ဦးပါ။

Share

Loading Next Article...
က္က