တနင်္ဂေနွေနေ့ ကစားမယ့်ပွဲမှာ ပေ့ါဂ်ဘာ ပါဝင်နိုင်ချေ ရှိ၊ မရှိဆိုတာကို ဒီနေ့ မန်ယူအသင်းလေ့ကျင့်ရေး အစီအစဉ်မှာ ထပ်မံ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မော်ရင်ဟိုအတွက် နောက်ထပ် ဒဏ်ရာပြဿနာ တစ်ခု ရှိနေပါသေးတယ်။

တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီမှာ မန်ယူအသင်းကြယ်ပွင့် ပေါ့ဂ်ဘာ ပါဝင်နိုင်ဖို့ မသေချာ ဖြစ်နေပြီလို့ ESPN သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ မန်ယူကစားသမားပေါ့ဂ်ဘာ မပါဝင်နိုင်ခဲ့တဲ့အတွက် ဒါဘီပွဲစဉ်မှာ မပါဝင်နိုင်ဖို့ အခြေအနေရှိနေတာဖြစ်ကြောင့် သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ESPN သတင်းဌာနက ဖော်ပြတာဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြမော်ရင်ဟိုက အသင်းမှာ ဒဏ်ရာပြဿနာအသစ် ကြီးကြီးမားမားရှိမနေဘူးလို့ ပြောထားပေမယ့် အခုပေါ့ဂ်ဘာကို မတွေ့ရတာဟာ ဒါဘီပွဲမှာ ပါဝင်ဖို့ သံသယဖြစ်စရာ ဖြစ်လာပါတယ်။

Photo : Getty Images

 

မန်ယူကစားသမား ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မန်စီးတီးကို ၂-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။ တနင်္ဂေနွေနေ့ ကစားမယ့်ပွဲမှာ ပေ့ါဂ်ဘာ ပါဝင်နိုင်ချေ ရှိ၊ မရှိဆိုတာကို ဒီနေ့ မန်ယူအသင်းလေ့ကျင့်ရေး အစီအစဉ်မှာ ထပ်မံ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မော်ရင်ဟိုအတွက် နောက်ထပ် ဒဏ်ရာပြဿနာ တစ်ခု ရှိနေပါသေးတယ်။

Photo : Zenpix Ltd

 

နောက်ဆုံးနှစ်ပွဲမပါဝင်နိုင်ခဲ့တဲ့ လူကာကူကို ဒါဘီပွဲ လူစာရင်းမှာ ထည့်သွင်းဖို့အတွက် ဒဏ်ရာအခြေအနေ စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ လူကာကူက အသင်းနဲ့အတူ လေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တံကောက်ကြော ဒဏ်ရာရနေတဲ့ လူကာကူလည်း ဒဏ်ရာသက်သာမှု မတိုးတက်လာရင် ဒါဘီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

Share

Loading Next Article...
က္က