ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာပါတဲ့။

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာမြန်မာစာ နောက်ဆုံးနှစ်နဲ့ ပညာသင်ယူနေတာ ဖြစ်ပါတယ်။



Photo : စိုးပြည့်သဇင် FB

 

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာမြန်မာစာ နောက်ဆုံးနှစ်နဲ့ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ပြုလုပ်သွားတဲ့ အာစရိယ ပူဇော်ပွဲကြီးမှာ စိုးပြည့်ဟာ မြန်မာနောက်ဆုံးနှစ်ကျောင်းသူတစ်ဦးအနေနဲ့ ဆရာသမား သူငယ်ချင်းတွေကို သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

"ဒီနေ့အရှေ့ပိုင်းတက္ကသိုလ်ရဲ့ အာစရိယပူဇော်ပွဲကြီးမှာ ဒီကျောင်းတော်ကြီးမှာ ပညာသင်ကြားနေတဲ့ နောက်ဆုံးနှစ်မြန်မာစာ ကျောင်းသူတစ်ဦး အနေနဲ့ သီချင်းလေးတွေနဲ့ဖျော်ဖြေခဲ့ပါတယ်ရှင်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၁၀)ရက်နေ့က ရေးသားထားတာပါ။

Photo : စိုးပြည့်သဇင် FB

ဝန်ထမ်းတွေ ကန်တော့ကြလို့ နေမထိထိုင်မသာ ဖြစ်နေတဲ့ စိုးပြည့်သဇင် 

စိုးပြည့်သဇင်ဟာ အနုပညာအလုပ်တစ်ဖက်နဲ့ ပညာရေးကို ဆည်းပူးနေသူဖြစ်ပါတယ်။ဒီနှစ်က သူမအတွက် အရှေ့ပိုင်းတက္က သိုလ် မှာ ပညာသင်ယူတာ နောက်ဆုံးနှစ်ပါ။ စိုးပြည့်က လက်ရှိမှာ သူတိုု့ ညီအစ်မတွေ ဖွင့်လှစ်ထားတဲ့ "မင်းသမီးပိုးထည်တိုက်" ဆိုင်အတွက် ကူညီလုပ်ကိုင်ပေးလျက်ရှိပါတယ်။

အနုပညာအလုပ်တွေလုပ်ရင်းနဲ့ ကိုယ်ပိုင်စီးပွားရေးအတွက်တစ်ဖက်တစ်လမ်းက ကြိုးစားနေတာတွေ့ရပါတယ်။ မင်းသမီးပိုး ထည်တိုက်ဟာ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီး ဖွင့်ထားတဲ့ ပိုးထည်တိုက်ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က