Pre wedding ဗီဒီယိုဖိုင်လေးက လုံးဝအလန်းစားပဲနော်။

အားလုံးက သူတို့နှစ်ဦးကို ရုတ်တရက်ကြီး မင်္ဂလာဆောင်ဖြစ်သွား တယ်လို့ ထင်နေကြ ပေမယ့် သူတို့နှစ်ဦးက မင်္ဂလာဆောင် အတွက် သေသေချာချာကို ပြင်ဆင်ထားတယ်ဆိုတာ Pre Wedding ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သိနိုင်ပါတယ်။



Photo : ရွှေမှုံရတီ FB

 

ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးက မင်္ဂလာမဆောင်ခင်မှာ ပရိသတ်တွေအတွက် Pre Wedding ဗီဒီယိုဖိုင်လေးကို သူတို့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်တွေကနေ တင်ပေးခဲ့ပါတယ်။ အားလုံးက သူတို့နှစ်ဦးကို ရုတ်တရက်ကြီး မင်္ဂလာဆောင်ဖြစ်သွား တယ်လို့ ထင်နေကြ ပေမယ့် သူတို့နှစ်ဦးက မင်္ဂလာဆောင်အတွက် သေသေချာချာကို ပြင်ဆင်ထားတယ်ဆိုတာ Pre Wedding ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သိနိုင်ပါတယ်။

Photo : ရွှေမှုံရတီ FB

 

ပြည်ပမှာ Pre Wedding ဓာတ်ပုံလေးတွေကို သွားရောက်ရိုက်ကူးရင်း ဒီဗီဒီယိုဖိုင်လေးကိုပါ တစ်ခါတည်း ရိုက်ကူးခဲ့တာပါ။  Pre Wedding ဗီဒီယိုဖိုင်လေးကို ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၉)ရက်နေ့ ညနေက တင်ခဲ့တာပါ။ ဗီဒီယိုဖိုင်တင်ပြီး ၂၄နာရီ မပြည့် ခင်မှာပဲ ကြည့်ရှုသူဦးရေ (၉)သိန်းကျော်ရှိသွားခဲ့ပါပြီ။

အဲ့ဒီ ဗီဒီယိုဖိုင်လေးမှာ သူတို့နှစ်ယောက်လုံး ချစ်စရာ ကောင်းနေပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းကို Ro နေကြပါတယ်။ ကြည်နူးစရာ မြင်ကွင်းလေးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ သူတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်တဲ့ ပရိသတ်တွေတောင် Ro နိုင်လွန်းတဲ့ သူတို့ကို အားကျနေကြပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက ်ဗီဒီယိုဖိုင်လေး ထည့်ပေးလိုက်တယ်နော်။

 

နိုဝင်ဘာ(၁၁) ရက်နေ့မှာ ပြုလုပ်မယ့် သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးဟာလည်း ဘယ်လိုဖြစ်လာမလဲ ဆိုတာ တွေးပြီး ပရိသတ်တွေ ရင်ခုန်နေကြပါတယ်။ မင်္ဂလာပွဲကို နိုဝင်ဘာ(၁၁) ရက်နေ့ Inya Late Hotel (Pool Side Lawn) မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက ပြင်သစ်ကို ဟန်းနီးမွန်းခရီးထွက်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

"ဟန်းနီးမွန်က ပြင်သစ်သွားမယ်ဆိုတာ သူကတော့ ရောက်ဖူးတာပေ့ါ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း သွားချင်တယ်။ သူကြိုက်တဲ့ နေရာလေးလည်း ဖြစ်လိုု့ လိုက်ပို့ချင်တာပါ။" ဆိုပြီး ရွှေထူးက နိုဝင်ဘာ(၉) ရက်နေ့က ပြုလုပ်တဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူမှာ ပြောပြခဲ့ တာပါ။

ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို  ရုတ်တရက် ကျင်းပခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ရွှေမှုံက ယခုလို ပြောခဲ့ပါ သေးတယ်။

"ရုတ်တရက် မင်္ဂလာဆောင်တာ မဟုတ်ပါဘူး။ သေချာစီစဉ်ပြီးမှလုပ်ထားတာပါ။ သဲတို့ (၁၁) ရက်နေ့ မင်္ဂလာပွဲလုပ်ရင် ပိုသိပါလိမ့် မယ်။ သဲက ဘယ်အလုပ်ကိုမဆို အစီအစဉ်တကျလုပ်တတ်တယ်။ သူလည်း အဲ့လိုပဲ ဆိုတော့ အသွင်တူလို့ အိမ်တူဖြစ်တဲ့ သဘော ပေ့ါ။ သေသေချာ ချာလေး စီစဉ်ပြီးမှ လုပ်ထားတဲ့ အရာချည်းပါပဲ၊ ဘယ်အရာမှ လတ်တလော လုပ်လိုက်တဲ့အရာမရှိပါဘူး။ Surprise က ပရိသတ်တွေရော၊ မီဒီယာတွေကရောပါ Surprise သီးသန့်ပါ။ မိဘတွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းကိုသာ ကြိုပြိ အသိပေးထား တာပါ။ "ဆိုပြီး သူမက ပြောပြခဲ့ ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ 

ရွှေထူးနဲ့ ရွှေမှုံရတီဟာ မင်္ဂလာညစာစားပွဲလေးကို ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ချင်ခဲ့တာလို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို အပြင်လူတွေလို ရိုးရိုးရှင်းရှင်း နဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ပြီး Celebrity ဆန်ဆန်ကြီး မဖြတ်သန်းချင်ဘူးလို့ ရွှေမှုံက ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

 

သူတို့နှစ်ယောက်စလုံးဟာ လာမယ့် ဒီဇင်ဘာကျမှ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က