ဒမ်ဘီလီဟာ ကြာသပတေးနေ့က အသင်းလေ့ကျင့်ရေးအစီအစဉ်ကို အချိန်မီလာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဒမ်ဘီလီရဲ့ စည်းကမ်းဖောက်ဖျက်မှုတွေအပေါ် စိုးရိမ်လာပြီး စပိန်မီဒီယာများကလည်း ဒီ ပြင်သစ်ကစားသမားကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။



Photo : Getty Images

 

ဒမ်ဘီလီဟာ  ကြာသပတေးနေ့က အသင်းလေ့ကျင့်ရေးအစီအစဉ်ကို အချိန်မီလာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကာတလန်အခြေစိုက် အယ်လ်မွန်ဒိုသတင်းစာကတော့ ဒမ်ဘီလီရဲ့စည်းကမ်းဖော်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဆိုပါတယ်။ စည်းကမ်းပိုင်းပြဿနာတွေဟာ မရင့်ကျက်မှုကြောင့် အဓိကဖြစ်ရတာလို့လည်း သုံးသပ်ထားပါတယ်။

Photo : Images

 

ဘာစီလိုနာအသင်းဝန်ထမ်းတွေဟာ ကြာသပတေးနေ့က လေ့ကျင့်ရေးအစီအစဉ်စချိန်ကနေ မိနစ်(၉၀)ကြာအထိ ဒမ်ဘီလီနဲ့ ဆက်သွယ်ဖို့ကြိုးစားခဲ့ရာမှာ နောက်ပိုင်းမှ အစာအိမ်ဝေဒနာကြောင့် အနားယူနေရကြောင်း သိခဲ့ရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဝန်ထမ်းတွေကတော့ သူ့တို့ဆီ အကြောင်းကြားဖို့ပျက်ကွက်ခဲ့တဲ့ ဒမ်ဘီလီရဲ့လုပ်ရပ်အပေါ် စိတ်ပျက်ခဲ့ကြပါတယ်။

Photo : Getty Images

 

ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်၊ နွေရာသီကတည်းက ဘာစီလိုနာကို ယူရိုသန်းတစ်ရာကျော်နဲ့ ပြောင်းခဲ့ပေမယ့် ဒီနေ့အထိ နည်းပြ ဗယ်ဗာဒီ စိတ်ကြိုက်ပုံစံမှာ မရှိသေးပါဘူး။ သတင်းတွေအရ စည်းကမ်းဖောက်ဖျက်မှု တွေကို မပြုပြင်ပါက ဗယ်ဗာဒီဟာ ဘရာဇီးတောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ပြီး သူ့နေရာကိ ု အစားထိုးမယ်လို့ ဆိုနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က