လက်စတာစီးတီးအသင်းသားတွေဟာ မကြာသေးခင်က ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ အသင်းပိုင်ရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ စနေနေ့က ဘန်လေနဲ့ပွဲမတိုင်ခင် လမ်းလျှောက်ချီတက်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ နောက်ခံလူ မက်ဂူရီနဲ့ ကွင်းလယ်လူ မက်ဒီဆင်တို့ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဘန်လေနဲ့ပွဲဟာ လက်စတာစီးတီးအသင်းအတွက် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်ကစားရတဲ့အိမ်ကွင်းပွဲဖြစ်ပါတယ်။
Photo: Daily Mail
အဲဒီပွဲမတိုင်ခင် ၅၀၀၀-၁လမ်းလျှောက်ပွဲလို့ အမည်ပေးထားတဲ့ ဒီဂုဏ်ပြုလမ်းလျှောက်ပွဲကို အသက်(၁၄)နှစ်အရွယ်လက်စတာအမျိုးသမီးပရိသတ်လေး မီဂန်အဲလီးယော့နဲ့ အသက်(၁၁)နှစ်အရွယ် ကေဆီတို့ ညီအစ်မနှစ်ယောက် က ကျင်းပဖို့ စတင်အကြံပေးခဲ့တာဖြစ်ပါတယ်။ ၅၀၀၀-၁ ဆိုတာကတော့ လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့နှစ်က သူ့တို့အသင်းရဲ့ ချန်ပီယံအလေးပေးမှုကို ရည်ရွယ်တာဖြစ်ပါတယ်။
Photo: Daily Mail
ဂျူဗင်တပ်နဲ့ပွဲမှာ မီလန်အတွက် ဟီဂွါအင် ပါဝင်ကစားဖို့ အသင့်ဖြစ်နေ
လက်စတာမြို့၊ ဂျူဘလီစကွဲလ်ကနေ ကင်းပါဝါကွင်းအထိ ချီတက်လမ်းလျှောက်ပွဲမတိုင်ခင် ဘန်လေနဲ့ပွဲကစားမယ့် လက်စတာကစားသမားတွေကလည်း ချီတက်လမ်းလျှောက်ပွဲမှာ ပါဝင်ကြမယ့်သူတွေ ကို အားပေးခဲ့ကြပါတယ်။ ကနဦးက ပရိသတ်(၅၀၀၀)လောက်ပဲ ပါဝင်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းလမ်းလျှောက်ပွဲကျင်းပတဲ့အခါမှာ ထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ လမ်းလျှောက်ပွဲမတိုင်ခင် ဂျူဘလီစကွဲလ်မှာ လက်စတာအသင်းပရိသတ် စနူကာကစားသမား သောင်းန်က “ဒီနေ့ဟာ ဗစ်ချိုင်းရဲ့ဘဝတစ်ခုလုံးကို ဂုဏ်ပြုရမယ့်နေ့ပါ”လို့ပြောပါတယ်။
Photo: Daily Mail
လမ်းလျှောက်ပွဲကို လက်စတာပရိသတ်များအပြင် ဧည်သည့်ဘန်လေနဲ့ အိမ်နီးချင်း လိဒ်ယူနိုက်တက်၊ ရှက်ဖီးယူနိုက်တက်၊ ဒွန်ကက်စတာအသင်းပရိသတ်တွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လက်စတာပရိသတ်တွေဟာ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ ကင်းပါဝါကွင်း၊ ကားပါကင်နေရာမှာ ပန်းစည်းနဲ့ အမှတ်တရပစ္စည်းတွေ စုရုံးထားရှိခဲ့တာကြောင့် အခုဆိုရင် ကားပါကင်တစ်ခုလုံး အမှတ်တရပစ္စည်းတွေနဲ့ ပြည့်နှက်နေပြီဲဖြစ်ပါတယ်။