ည၁၀နာရီလောက်အထိစောင့်ဆိုင်းနေစဉ် စီစဉ်သူတွေဘက်က ပွဲပျက်တယ်လို့ ကြေညာခဲ့ပါတယ်။

ပဲခူးတိုင်း နတ္တလင်းမြို့က သကျမဟာမြတ်မုနိဘုရားပွဲအကြို ဖျော်ဖြေရေးပွဲမှာ ပျက်က်တယ်လို့ ပြောလို့ စီစဉ်သူတွေနဲ့ ပွဲလာကြည့်တဲ့ ပရိသတ်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပွဲကြည့်ပရိသတ်တွေက ပွဲခင်းထိုင်ခုံတွေကို ဖျက်ဆီးခဲ့တယ်လို့ နတ္တလင်းမြို့ ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

 

 

ဖြစ်စဉ်ကတော့ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ပြုလုပ်တဲ့ ဘုရားပွဲအကြို ဖျော်ဖြေရေးပွဲမှာ ပွဲလာကြည့်သူတွေက ဖျော်ဖြေပွဲစဖို့ စောင့်ဆိုင်းနေစဉ် ည ၁၀ နာရီလောက်ထိ ပွဲစတင်နိုင်ခြင်းမရှိဘဲ ပွဲပျက်တယ်လို့ ကြေညာခဲ့တာကြောင့်  ပွဲကြည့်ပရိတ်သတ်တွေ က စတိတ်စင်နဲ့ ပွဲခင်းထဲက ပစ္စည်းတွေ၊ ထိုင်ခုံတွေကို ရိုက်ချိုးခဲ့တယ်လို့ သိရပါတယ်။

 

“ ပွဲစီစဉ်သူတွေကနေ အနုပညာရှင်တွေကို အနုပညာကြေးပေးရမှာကို ည ၁၀ နာရီအထိမပေးဘူး။ မပေးတော့ အနုပညာရှင်တွေက မဆိုဘဲ ပြန်သွားတယ်။၁၀ နာရီလောက်ဆိုတော့ လက်မှတ်တွေရောင်းပြီးသား၊ အကုန်ရုံသွင်းပြီးသားတွေ။ အဲလိုမျိုး လွဲမှားမှုတွေ ဖြစ်ပြီးတော့ ပဋိပက္ခတွေဖြစ်တာပါ။ ပွဲလာကြည့်တွေလူက မကျေနပ်လို့ ခုံတွေ ရိုက်ချိုးတယ်။ ရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့ပြီးတော့ အမှုကိုတော့ ဆက်လက်ဆောင်ရွက်နေတုန်းပါပဲ။ လောလောဆယ်တော့ ဖျက်ဆီးသောင်းကျန်းတဲ့သူကို အရေးယူတာမျိုးတော့ မရှိသေးပါဘူး” လို့ နတ္တလင်းမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

နတ္တလင်းမြို့ ၊ သကျမဟာမြတ်မုနိဘုရားပွဲအကြိုအတွက် နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ R ဇာနည်၊ ဝေလ နဲ့ မြန်မာအိုင်ဒေါက အဆိုတော်တွေဖြစ်တဲ့ သားငယ်၊ချမ်းငြိမ်း၊ ပိုးမီနဲ့ မိုင်မိုင်ဆန်တို့ကို ဖျော်ဖြေမယ်လို့ ကြေညာထားခဲ့ပြီး လက်မှတ်တွေကို ၅၀၀၀၊၁၀၀၀၀ နဲ့ ၂၀၀၀၀ ကျပ်ဆိုပြီး အသီးသီးကြိုတင်ရောင်းချထားခဲ့တယ်လို့သိရပါတယ်။

ပွဲခင်းထိုင်ခုံတွေကို ပွဲလာကြည့်တဲ့သူတွေ ဖျက်ဆီးသောင်းကျန်းနေတဲ့ဗီဒီယိုင်ဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပျံနှံလာခဲ့ပြီးတော့ လူမှုကွန်ရက်သုံးစွဲသူတွေကတော့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

Share

Loading Next Article...
က္က