အမှတ်တရတွေ ပြောပြလာပါတယ်။

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားကြတဲ့ အမြွှာလေးတွေကတော့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူး ဖြစ်ပါတယ်။ ဒီ ဇာတ်ကားထဲမှာ သူ တို့ နှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ သရုပ်ဆောင်မင်းသွေးကို အကယ်ဒမီရစေချင်တဲ့ အ ကြောင်း ပြောပြလာပါတယ်။



 

မုန်းစွဲရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင် အမွှာလေးတွေကတော့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးလို့ခေါ်ပါတယ်။ ဒီဇာတ်ကား ရုံတင်တဲ့ အချိန်မှာလည်း သရုပ်ဆောင်မင်းသွေးကို သတိရကြတယ် ဆိုတဲ့ အကြောင်းလေးတွေကို Duwun Media ကို ပြောပြခဲ့ပါတယ်။

'' ဇာတ်ကားထဲမှာတော့ မဆုံဖူးဘူး။ ဒါပေမယ့် ရိုက်ကွင်းပေါ်မှာတော့ သားတို့ကို လိမ္မော်သီးတွေ ခွာကျွေးတယ်။ ဦးမင်းသွေးက ခင်ဖို့ကောင်း တယ်။ သဘောလည်းကောင်းတယ်။ ဦးမင်းသွေးကိုလည်း အကယ်ဒမီဆုတွေ ရစေချင်တယ်။ နောက်ထပ် ဦးနေတိုးနဲ့ ရုပ်ရှင်ကားကြီး တစ်ကားရိုက်ဖို့ရှိပါတယ်''ဆိုပြီးတော့ အကြီးလေး ဇွဲဝေယံထက်က ပြောပြလာပါတယ်။

 

အဲ့ဒီနောက် မုန်းစွဲရုပ်ရှင်ဇာတ်ကားထဲမှာ အရမ်းဆိုးသွမ်းကြတဲ့ ကလေးတွေ အဖြစ် သရုပ်ဆောင်ထားတဲ့  ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ရဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ပြောပြလာပါတယ်။ ဒေါသထွက်တဲ့အခန်းတွေရော၊ ငိုရတဲ့ အခန်းတွေမှာပါ တကယ် အပီအပြင်လုပ်ခဲ့တယ် ဆိုတာကို နိုဝင်ဘာလ ၉ ရက်နေ့ညက မုန်းစွဲ ဇာတ်ကား အထူးပွဲမှာ ပြောပြခဲ့တာပါ။

'' သားက ဒေါသထွက်တဲ့ အခန်းမှာ တကယ် ဒေါသထွက်ရမယ် ဆိုလို့ ဦးနေတိုးက ပြောလို့ သားက ဒေါသထွက်ချလိုက်တာ။ ရိုက်ကွင်းထဲမှာ လည်း ငိုရမယ့် အခန်းဆိုလို့ သားက တကယ် ငိုချလိုက်တာ။ အဲ့ဒီအချိန်မှာ မျက်ရည်တွေပါ ထွက်သွားတယ်။ သားကတော့ ဦးမင်းသွေးနဲ့ မဆုံခဲ့ဘူး ဦးကျော်ကျော်ဗို နဲ့တော့ ဆုံခဲ့တယ်'' ဆိုပြီးတော့ ညီငယ်လေး ဇွဲဝေယံထူးက ပြောပြခဲ့ပါတယ်။

ကိုယ့်ဇာတ်ကောင်ကို မျက်ခွက်တွေပိတ်ရိုက်ချင်အောင် မုန်းခဲ့တဲ့ မင်းသွေး  

သရုပ်ဆောင် မင်းသွေးကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး မြန်မာနိုင်ငံ နဲ့ စင်ကာပူနိုင်ငံ တို့မှာ တစ်ပြိုက်နက်တည်း ပြသသွားမယ်ဆိုတာကို နိုဝင်ဘာလ ၃ ရက်နေ့က စပြီးသိခဲ့ရတယ်လို့ သိရပါတယ်။  ဒီဇာတ်ကား ကို စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေကလည်း အားပေးဖို့ အသင့်ဖြစ်နေကြပြီလို့ သိရပါတယ်။

Photo: မုန်းစွဲရုပ်ရှင်ဇာတ်ကား

 

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က