ဒီဇင်ဘာပွဲကြပ်ကာလအမီ ပြန်ကစားနိုင်ဖု့ိရှိနေပါတယ်။

အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီနဲ့  မက်ဗ်ရိုပါနော့စ်တို့ဟာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာကြောင့် ဒီဇင်ဘာပွဲကြပ်ကာလအမီ ပြန်ကစားနိုင်ဖု့ိရှိနေပါတယ်။

45850862_209252006617276_3183797245786980352_n.jpg

ဖနောင့်ကြောဒဏ်ရာ အပြင်းအထန်ရခဲ့သည့် ကိုစီရယ်နီ



အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီရယ်နီဟာ အက်သလက်တီကိုနဲ့ ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲတုန်းက ဖနောင့်ကြောဒဏ်ရာ အပြင်းအထန်ရခဲ့တာကြောင့် ယခုနှစ်ကုန်အထိ နားရမယ်လို့တောင်ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒဏ်ရာတိုးတက်မှုနှုန်း ကေင်းလာလို့ နိုဝင်ဘာလကုန်လောက်မှာ ပြန်ကစားနိုင်ဖို့ရှိနေပါပြီ။



ကိုစီရယ်နီဟာ ဒဏ်ရာကြောင့်နားခဲ့ရချိန်အတွင်း ယောဂလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ပြီး ဒါကြောင့်လည်း ထင်ထားတာထက်ပိုစောပြီး ဒဏ်ရာသက်သလာတယ်လို့ ယုံကြည်ပါတယ်။

ယောဂလေ့ကျင့်ခန်းပြုလုပ်နေသည့် ကိုစီရယ်နီ



ယောဂလေ့ကျင့်ခန်းအပြင် ရေအောက် အပြေးလေ့ကျင့်ခန်းတွေကိုလည်း ကိုစီရယ်နီ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ သူ့အနေနဲ့ နိုဝင်ဘာ လနောက်ဆုံးအပတ်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းပြီး ဒီဇင်ဘာလထဲ ပြန်ကစားဖို့ ပစ်မှတ်ထားနေပါတယ်။ ဂရိနောက်ခံလူ မက်ဗ်ရိုပါနော့ဗ်ကတော့ တံကောက်ကြောဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက နားခဲ့ရတာပါ။

အာဆင်နယ်နောက်ခံ ကစားသမား မက်ဗ်ရိုပါနော့စ်



အခု သူလည်း ကိုယ်စီရယ်နီနဲ့အတူ ပထမအသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ပြန်ပါလာလို့ နည်းပြ အူနိုင်းအမ်မရီအတွက် သက်သာရာရသွားစေပါတယ်။ အာဆင်နယ်အသင်းမှာ ကိုလာစီနက်၊ မွန်ရီရယ်နဲ့ လစ်ချ်စတိန်နာတို့ကလည်းဒဏ်ရာရနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က