မန်ချက်စတာနှစ်သင်းဟာ ကစားသမားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကွာခြားလွန်းတဲ့အပြင် ကစားပုံလည်း ကွာလွန်းပါတယ်။

နိုဝင်ဘာလ(၁၁)ရက်နေ့၊ ည(၁၁)နာရီအချိန်မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲကတော့ ပရီးမီးယားလိဂ်ရဲ့ ပျမ်းမျှကစားသမား အရပ်ပုဆုံးနဲ့ အရှည်ဆုံးအသင်း(၂)သင်းတွေ့တဲ့ပွဲဖြစ်လာဖို့ရှိနေပါပြီ။ ဒါကြောင့် မန်ချက်စတာဒါဘီကို လူသန်ကြီးဒေဗစ်နဲ့လူပုလေး ဂိုလီယက်တို့ရဲ့ အားပြိုင်မှုလို တင်စားနေကြတာပါ။

46058275_516647568849909_1977452464051322880_n.jpg

The Timesရဲ့အချက်အလက်တွေအရ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် ပွဲထွက်ကစားသမားစာရင်းတွေရဲ့ ပျမ်းမျှအရပ်အမြင့်က (၆)ပေနဲ့ (၁.၅)လက်မရှိပါတယ်။

ဝက်ဖို့ဒ်နဲ့ ဟက်ဒါဖီးလ်တို့ကိုကျော်ပြီး ပရီးမီးယားလိဂ် ရဲ့ ပျမ်းမျှအရပ်အမြင့်အကောင်းဆုံးအသင်းအဖြစ် မန်ချက်စတာယူနိုက်တက်ကို မှတ်တမ်းဝင်စေတဲ့အချက် အလက်တစ်ခုလည်းဖြစ်ပါတယ်။



တစ်ဖက်မှာ မန်စီးတီးအသင်း ပွဲထွက်ကစားသမားတွေရဲ့ ပျမ်းမျှအရပ်အမြင့် က (၅)ပေ၊(၁၀.၅)လက်မပဲရှိပါတယ်။ ဒါက အာဆင်နယ်၊ ဘုန်းမောက်၊ လီဗာပူးနဲ့ ကာဒစ်ဖ်အသင်းကို ကျော်ပြီး ပရီးမီးယားလိဂ်မှာ အရပ်အပုဆုံး အသင်းအဖြစ် မန်စီးတီးကို မှတ်တမ်းဝင်စေပါတယ်။

မန်ချက်စတာနှစ်သင်းဟာ ကစားသမားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကွာခြားလွန်းတဲ့အပြင် ကစားပုံလည်း ကွာလွန်းပါတယ်။ ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းက မြန်နှုန်းမြင့်ကစားပြီး မန်ချက်စတာယူနိုက်တက်တော့ ကြံ့ခိုင်မှုကို အသားပေးပါတယ်။

Photo: Daily Mail



မန်စီးတီးမှာ အရပ်အမြင့်ဆုံးဖြစ်တဲ့ နောက်ခံလူ လာပေါ်တီဟာ အရပ်အမြင့် (၆)ပေ၊(၃) လက်မရှိပြီး မန်ချက်စတာယူနိုက်တက်က လူကာကူ၊ ပေါ့ဘာတို့နဲ့ အတူတူပါပဲ။ ဒါပေမယ့် မာတစ်၊ ဖယ်လိုင်နီနဲ့ စမောလင်းတို့ကတော့ သူတို့ထက် အရပ်ပိုမြင့်ပါတယ်။

Share

Loading Next Article...
က္က