အန်ဖီးလ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဖူလ်ဟမ်ကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အန်ဖီးလ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဖူလ်ဟမ်အသင်းကို ရှာကွီရီ၊ ဆာလာတို့ရဲ့သွင်းဂိုးတွေနဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

6045280-0-image-a-71_1541941079523.jpg

လီဗာပူးနည်းပြကလော့ပ်က ဖူလ်ဟမ်အသင်းရဲ့ တိုက်စစ်အသားပေး ပွဲထွက်လူစာရင်းကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အန်ဖီးလ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဖူလ်ဟမ်ကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

လီဗာပူးအတွက်ဦးဆောင်ဂိုးကို ပွဲချိန်(၄၁)မိနစ်မှာ ဆာလာက သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန်(၅၃)မိနစ်မှာ ရှာကွီရီက သွင်းယူပေးခဲ့တာပါ။ ဖူလ်ဟမ်ဟာ လီဗာပူးကိုအဝေးကွင်းမှာ ဆီရီနေရာမှာ ချန်ဘာကို ကွင်းလယ်မှာထားကစားခဲ့ပြီး တိုက်စစ်ဦးစားပေးပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ပါတယ်။



လီဗာပူးနည်းပြကလော့ပ်က “ပွဲချိန်အစောပိုင်းမှာ ကျွန်တော်တို့ခက်ခဲခဲ့ပါတယ်။ သူတို့အသင်းရဲ့ပွဲထွက်လူစာရင်းက ကျွန်တော်တို့ကိုအံ့အားသင့်စေခဲ့ပါတယ်။ ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့အတွက် ကျွန်တော့်ပျော်ရွှင်မှုက ပြည့်စုံခဲ့ပါတယ်။ ကျွန်တော်တို့ ကစားပုံကောင်းမွန်ခဲ့သလို ခက်ခက်ခဲခဲကြိုးစားခဲ့ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

Photo: Ian Hodgson



ဒီပွဲမှာ လီဗာပူးကံကောင်းခဲ့တာက ဖူလ်ဟမ်အသင်းသွင်းယူခဲ့တဲ့ဂိုးကို လူကျွံဘောဆိုပြီး စည်းကြပ်ဒိုင်က သတ်မှတ်ခဲ့တာပါ။

ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ခေါင်းတိုက်ဂိုးသွင်းချိန်မှာ လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်နဲ့ တစ်တန်းတည်းအနေအထား ဖြစ်နေခဲ့လို့ပါ။ ဖူလ်ဟမ်ကစားသမားတွေဟာ ဒိုင်လူကြီးပေါလ်တီယာနေးကို ကန့်ကွက်ခဲ့ပေမယ့် မထိရောက်ခဲ့ပါဘူး။



ဒီဂိုးနဲ့ပတ်သက်ပြီး ကလော့ပ်က “ဖူလ်ဟမ်ဂိုးကို ကျွန်တော်တွေ့ရပါတယ်။ လူကျွံဘောလားဆိုရင် အာဆင်နယ်နဲ့ပွဲတုန်းကလည်း ကျွန်တော်တို့ရှင်းရှင်းလင်းဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ဒါကို ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး။ ဒီပွဲမှာ ကျွန်တော့်ကစားသမားတွေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။ ဂျိုကာနိုဗစ်ကို ကျွန်တော်စာနာပါတယ်။ အကောင်းဆုံးဖြစ်လာဖို့ ဆန္ဒပြုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က