ပထမပိုင်းအပြီးမှာတော့ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၉ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ မန်ချက်စတာဒါဘီမှာ မန်ယူကို ၃-၁ဂိုးနဲ့အနိုင်ပိုင်းနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။  

 

Photo: Daily Mail

 

ဒီပွဲက မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုအတွက် ပရီးမီးယားလိဂ်ကပွဲ ၃၀၀ပြည့် ကိုင်တွယ်ရတဲ့ပွဲပါ။ မန်ယူကွင်းလယ်မှာ ပြင်သစ်ကြယ်ပွင့် ပေါ့ဂ်ဘာကတော့ ဒဏ်ရာကြောင့် ကြံ့ခိုင်မှုမပြည့်ဝလို့ မန်ယူအသင်း ကြိုတင်ကြေညာထားတဲ့အတိုင်းပဲ ပါဝင်ခြင်းမရှိပါဘူး။ မန်စီးတီးကတော့ မန်ချက်စတာဒါဘီမှာ အနိုင်ရဖို့အတွက် ကြိုတင်ပြင်ဆင်လာပြီး စတာလင်း၊ မာရက်ဇ်၊ အဂူရို တို့တိုက်စစ်အတွဲနဲ့ပဲ ပွဲထွက်လာပါတယ်။

Photo: Daily Mail

ဖူလ်ဟမ်အသင်းရဲ့ ပွဲထွက်လူစာရင်းကြောင့် အံ့အားသင့်ခဲ့ရတဲ့ ကလော့ပ် 

ပထမပိုင်းကတော့ ပွဲက တဖက်သတ်ဖြစ်နေခဲ့ပါတယ်။ ပွဲစကတည်းက မန်စီးတီးအသင်းဟာ တရစပ်တိုက်စစ်ဆင်ပြီးဖိကစားခဲ့လို့ မန်ယူတို့ ကစားကွက်တည်မရပဲ ခုခံကာကွယ်ချိန်က ပိုများခဲ့ရပါတယ်။ ပွဲချိန် ၁၂မိနစ်မှာပဲ မန်စီးတီးအသင်းအဖွင့်ဂိုးရခဲ့ပါတယ်။ စတာလင်းရဲ့ဖြတ်တင်ဘောကို ဝေါလ်ကာကညာတောင်ပံကနေ ပြန်ကန်တင်ပေးခဲ့တဲ့ဘောလုံးကို ဒေးဗစ်ဆေးလ်ဗားက ဘယ်ခြေနဲ့ဖမ်းပြီး ညာခြေနဲ့အပြင်းကန်သွင်းခဲ့တာပါ။ ပထမပိုင်းအပြီးမှာတော့ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၉ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၉ကြိမ်အထိရခဲ့ပေမယ့် မန်ယူကတော့ ဂိုးကန်သွင်းခွင့် သုံးကြိမ်ပဲ ရခဲ့ပါတယ်။

Photo: Daily Mail

 

ဒုတိယပိုင်းပြန်စတော့လည်း မန်စီးတီးပဲ ဆက်လက်ဖိအားပေးခဲ့ပြီး ပွဲချိန် ၄၈မိနစ်မှာပဲ ဒုတိယဂိုးထပ်ရခဲ့ပါတယ်။ ဒီဂိုးကလည်း ဒေးဗစ်ဆေးလ်ဗား၊ စတာလင်း၊ အဂူရိုတို့တွဲလုံးကနေ အဂူရိုက ထောင့်ဖြတ်အပြင်းကန်သွင်းခဲ့တာပါ။ နှစ်ဂိုးရှုံးနေချိန်မှာတော့ မန်ယူနည်းပြ မော်ရင်ဟိုဟာ တိုက်စစ်ကို အပြောင်းအလဲလုပ်တဲ့အနေနဲ့ လင်ဂတ်အစား လူကာကူကို လူစားဝင်စေခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ဆိုနိုင်ပြီး ပွဲချိန် ၅၇မိနစ်မှာ လူကာကူကြောင့် မန်ယူ ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ ဒီပင်နယ်တီကိုတော့ မာရှယ်က ကန်သွင်းရယူခဲ့လို့ ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကြောင့် မာရှယ်ဟာ ပရီးမီးယားလိဂ်ငါးပွဲဆက်ဂိုးသွင်းနိုင်တဲ့စံချိန်ကိုရခဲ့ပြီး ငါးပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ ခုနှစ်ဦးမြောက် မန်ယူကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

Photo: Daily Mail

 

မန်ယူအသင်းဟာ ချေပဂိုးရခဲ့ပေမယ့်လည်း မန်စီးတီးအသင်းကစားပုံကို မယှဉ်နိုင်ပဲ လက်ကျန်ပွဲချိန်တွေမှာလည်း မန်စီးတီးရဲ့ဖိအားပေးမှုကိုခံနေခဲ့ရပါတယ်။ ပွဲချိန် ၈၆မိနစ်မှာတော့ ဂန်ဒိုဂန်က မန်စီးတီးအတွက် အနိုင်သေချာမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကတော့ မန်ယူနောက်ခံလူ အက်ရှ်လေယန်းရဲ့လူကျွံဖမ်းကစားပုံမသေသပ်တာကြောင့် ပေးခဲ့ရတာပါ။ ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက မန်ယူကို ၃-၁ဂိုးနဲ့နိုင်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က