မိခင်ကလပ်ဂျူဗင်တပ်နဲ့ပွဲမှာ ဟီဂူအင်ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ထုတ်ပယ်မခံရခင် ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ဂျူဗင်တပ်ဂိုးသမားဆက်ဇီနီက ကာကွယ်နိုင်ခဲ့ပါတယ်။

အေစီမီလန်တိုက်စစ်မှူးဟီဂူအင်ဟာ ဂျူဗင်တပ်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ထုတ်ပယ်ခံခဲ့ရတဲ့အတွက် အသင်းနဲ့ ပရိသတ်တွေကို ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။

Photo : EPA

 

ဂျူဗင်တပ်နဲ့ပွဲက အနီကတ်ပြသခံခဲ့ရတဲ့အတွက် ပြန်တောင်းပန်ခဲ့ပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဆဲဆိုခဲ့ခြင်းမရှိဘူးလို့ တိုက်စစ်မှူးဟီဂူအင်က အတည်ပြုပြောကြားခဲ့ပါတယ်။ မိခင်ကလပ်ဂျူဗင်တပ်နဲ့ပွဲမှာ ဟီဂူအင်ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ထုတ်ပယ်မခံရခင် ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ဂျူဗင်တပ်ဂိုးသမားဆက်ဇီနီက ကာကွယ်နိုင်ခဲ့ပါတယ်။ အသက်(၃၀)အရွယ် ဟီဂူအင်က “မမျှတတဲ့ပြစ်ဒဏ်လို့ ထင်ပါတယ်။ ကျွန်တော်အဝါကတ်ပြသတိပေးခံရချိန်မှာ ဘယ်သူ့ကိုမှဆဲဆိုခဲ့တာမရှိပါဘူး။ ဒီလိုဖြစ်ရပ်မျိုးကို ရှောင်ရမှာဖြစ်လို့ အေစီမီလန်အသင်း၊ ပရိသတ်တွေနဲ့ နည်းပြနဲ့ အသင်းဖော်တွေကို တောင်းပန်ပါတယ်။ ကျွန်တော်ဟာ လူသားဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုဖြစ်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

Photo : Getty Images

 

ရီးရဲလ်အသင်းမှာ ဟီဂူအင်နဲ့အတူတွဲကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးရော်နယ်ဒိုကလည်း အာဂျင်တီးနားတိုက်စစ်မှူးအီဂူအင်အနေနဲ့ ဒီဖြစ်ရပ်အတွက် ကာလရှည်ပွဲပယ်ခံရမှာမဟုတ်ဘူးလို့ မျှော်လင့်နေပါတယ်။ တိုက်စစ်မှူးဟီဂူအင်ဟာ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့ဈေးကွက်မှာ ဂျူဗင်တပ်အသင်းကနေ အေစီမီလန်ကို တစ်နှစ်အငှားစာချုပ်နဲ့ရောက်ရှိခဲ့သူပါ။ သူဟာ အခုရာသီမှာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲမှာ (၇)ဂိုးသွင်းယူပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က