ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ မိခင်တို့ရဲ့ (၂၅)နှစ်ပြည့် ငွေရတု နှစ်ပတ်လည်နေ့အတွက် မိသားစုလေးယောက် ဒူဘိုင်းသို့ အလည်ခရီးထွက်ဖြစ်တယ်လို့ ပန်းရောင်ခြယ်ရဲ့ ဖေ့စ်ဘွတ်ပေခ့ျ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ပန်းရောင်ခြယ် FB
အဆိုတော် ပန်းရောင်ခြယ်တို့ မိသားစုလေးဟာ ဒူဘိုင်းနိုုင်ငံသို့ အလည်သွားနေတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ မိခင်တို့ရဲ့ (၂၅)နှစ်ပြည့် ငွေရတု နှစ်ပတ်လည်နေ့အတွက် မိသားစုလေးယောက် ဒူဘိုင်းသို့ အလည်ခရီးထွက်ဖြစ်တယ်လို့ ပန်းရောင်ခြယ်ရဲ့ ဖေ့စ်ဘွတ်ပေခ့ျ်မှာ ရေးသားထားတာတွေ့ရပါတယ်။
"Daddy နဲ့ Mummy ရဲ့ 25 နှစ်ပြည့် ငွေရတု Anniversary အတွက် မိသားစုလေးယောက် Dubai သို့အလည်ခရီး ထွက်လာပါ သည်"ဆိုပြီး သူမက ပြောထားပါတယ်။
Photo : ပန်းရောင်ခြယ် FB
ဒီနေ့(နိုဝင်ဘာ၁၂ရက်) မနက်မှာပဲ ဒူဘိုင်းသို့ ရောက်နေပြီလို့ ပန်းရောင်ခြယ်က ဆက်လက်ပြောထားပါသေးတယ်။ ဖခင်နဲ့ မိခင်တို့ ရဲ့ မင်္ဂလာနှစ် ပတ်လည်နေ့လေးကို ဒူဘိုင်းမှာ ဖြတ်သန်းရမှာ ဖြစ်လို့ ပန်းရောင်ခြယ် တစ်ယောက် အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။
အဆိုတော်ဂရေဟမ်တို့ ဇနီးမောင်နှံဟာ ပန်းရာင်ခြယ်နဲ့ ပန်းသွေးခြယ်ဆိုတဲ့ သမီးချောလေး နှစ်ယောက်ကို ပိုင်ဆိုင်ထား တာပါ။ ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ်တို့ကတော့ တကယ့်ကို ချောမောလှပတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကိုပါ ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။
Photo : ပန်းရောင်ခြယ် FB
အရမ်းလိမ္မာတဲ့ ညီမလေးကို ပိုင်ဆိုင်ထားတဲ့ မမပန်းရောင်ခြယ်
ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ်တို့ ညီအစ်မ နှစ်ဦးဟာ အသက်နည်းနည်းကွာကြပါတယ်။ ညီမလေးပန်းသွေးခြယ်ကို ပိုင်ဆိုင်လာ ရချိန်မှာ လည်း အစ်မဖြစ်တဲ့ ပန်းရောင်ခြယ် အူမတိုတဲ့ အပြင် ညီမလေးကို အရိပ်တကြည့်ကြည့် ချစ်ခဲ့တဲ့ အကြောင်းတွေကို အောက်တိုဘာလ ၁ ရက် နေ့က Novotel Yangon Max မှာ ပြုလုပ်တဲ့ Clear, Dove နဲ့ Sunsilk တို့ရဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
'' ပန်းရောင်ကတဲ့အခါတိုင်းဆိုရင် ဖေဖေ နယ်ရှိုးပွဲတွေ သွားဆိုရင် လိုက်သွားတာများတယ်။ နောက်ပိုင်းကျတော့ မေမေက ပန်းရောင်ကို ခေါ်သွားပြီး ညီမလေးကို နာနီ နဲ့ ထားခဲ့မယ် လုပ်တာ ပန်းရောင်က အိမ်မှာနေခဲ့မယ် ညီမလေးကို သူစိမ်းတွေနဲ့ စိတ်မချဘူး။ ပန်းရောင် ၅ နှစ်၊ ၆ နှစ်လောက်တုန်းက ညီမလေးကို အရမ်းချစ်တယ်လို့ပြောတယ်'' လို့ ဆိုပါတယ်။
Photo : ပန်းရောင်ခြယ် FB
ပန်းရောင်ခြယ်ဟာ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့အတူ တွဲပြီး Wake Up Daddy အခွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူပါ။
တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါ သေးတယ်။
Share