မကြာခဏ လင်မယားချင်း စကားများတတ်တယ်လို့ ဆိုပါတယ်။

မုတ္တမရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တစ်ဦးနဲ့ ဇနီးဖြစ်သူတို့ လင်မယားချင်း ရန်ဖြစ်စကားများရာကနေ ထိုးကြိတ်မှု ဖြစ်ပွားပြီး ဇနီး ဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ မုတ္တမရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။



 

Photo - မုတ္တမရဲစခန်း Facebook

 

နိုဝင်ဘာလ ၁၀ ရက် ညပိုင်းလောက်က ဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ်ကျော်ကျော်ထွန်းက ထိုးကြိတ်ရာ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ ဇနီးသည်မှာ မျက်နှာပြင်နဲ့ နောက်စေ့မှာ ဒဏ်ရာတွေရရှိပြီး ဆေးရုံပို့ခဲ့ရာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမီးဖြစ်သူကရဲတပ်ဖွဲ့ကို တိုင်ကြားထားရာ မုတ္တမရဲစခန်းကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ကျူးလွန်တဲ့ ရဲကိုတော့ ဖမ်းမိထားပါတယ်။ ကျန်တာတွေကိုတော့ စခန်းမှူးက ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ မုတ္တမရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

အဆိုပါ ရဲတပ်ကြပ်ကျော်ကျော်ထွန်းမှာ မိသားစုဝင်တွေနဲ့ အတူ မုတ္တမ မီးရထားဝင်းမှာ နေထိုင်ပြီး မကြာခဏ လင်မယားချင်း စကားများတတ်ကြပြီး မိန်းမဖြစ်သူက ရိုက်နှက်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က